Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 79:3

Judson Bible

သူ​တို့​အ​သွေး​ကို​လည်း ရေ​ကဲ့​သို့ ယေ​ရု​ရှ​လင်​မြို့​ပတ်​လည်၌ သွန်​ကြ၍၊ သင်္ဂြိုဟ်​သော​သူ​လည်း မ​ရှိ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မြေ​ပေါ်​မှာ ထင်း​ကို​ခုတ်၍ ခွဲ​သ​ကဲ့​သို့၊ မ​ရ​ဏနိုင်​ငံ​တံ​ခါး​ဝ​မှာ အ​ကျွန်ုပ်​တို့၏​အ​ရိုး​များ​တို့​သည် ကွဲ​ပြား​လျက် ရှိ​ကြ​ပါ၏။

သူ​တို့၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ဘယ်​ကြောင့် ဆို​ရ​ကြ​ပါ​မည်​နည်း။ သွန်​ပြီး​သော ကျွန်​တော်​မျိုး၏​အ​သွေး​ဘက်​မှာ တ​ရား​စီ​ရင်​တော်​မူ​သော​အ​ကြောင်း​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် အ​ကျွန်ုပ်​တို့​မျက်​မှောက်၌ ထင်​ရှား​ပါ​စေ​သော။

သူ​တို့၏ တ​ရား​နာ​ပ​ရိ​သတ်​တို့​သည် ကိုယ်​တိုင်​မှ​စ၍၊ မ​ယား သား​သ​မီး​တို့​နှင့်​တ​ကွ မွတ်​သိပ်​ခြင်း​ဘေး၊ ဓား​ဘေး​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​လမ်း​ထဲ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ၍၊ အ​ဘယ်​သူ​မျှ မ​သင်္ဂြိုဟ်​ရ။ သူ​တို့၏​အ​ပြစ်​ကို သူ​တို့​အ​ပေါ်​သို့ ငါ​ညွှန်း​လောင်း​မည်။

သူ​တို့​ကို သတ်​ရ​သော​ဓား၊ ဆွဲ​ဖြတ်​ရ​သော​ခွေး၊ ကိုက်​စား​ရ​သော​မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တည်း​ဟူ​သော ရန်​သူ​လေး​မျိုး​ကို သူ​တို့​တစ်​ဖက်၌ ငါ​ခန့်​ထား​မည်။

ထို​သူ​တို့​သည် ဆိုး​သော​သေ​ခြင်း​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​မြည်​တမ်း၍ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် ဓား​ဘေး​နှင့် မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် မြေ​ကြီး​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် နှံ့​ပြား​ကြ​လိမ့်​မည်။ သူ​တို့​ကို မ​မြည်​တမ်း​ရ။ မ​စု​မ​ပုံ​ရ။ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။

သူ​တို့​ရန်​သူ​များ လက်​သို့​လည်း​ကောင်း၊ သတ်​ချင်​သော​သူ​များ လက်​သို့​လည်း​ကောင်း ငါ​အပ်​မည်။ သူ​တို့​အ​သေ​ကောင်​များ​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​များ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ သူ​တို့​ကို ငါ​ညှဉ်း​ဆဲ​သ​ဖြင့် မျက်​စိ​မ​မြင်​သော သူ​ကဲ့​သို့ သွား​ကြ​လိမ့်​မည်။ သူ​တို့​အ​သွေး​ကို မြေ​မှုန့်​ကဲ့​သို့​သွန်း၍ အ​သား​ကို​လည်း မ​စင်​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။

ထို​ကြောင့် ဖြောင့်​မတ်​သော အာ​ဗေ​လ၏​အ​သွေး​မှ​စ၍၊ အ​တွင်း​ဗိ​မာန်​တော်​နှင့် ယဇ်​ပ​လ္လင်၏​အ​ကြား၌ သင်​တို့​သတ်​ကြ​သော ဗာ​ရ​ခိ​သား ဇာ​ခ​ရိ၏​အ​သွေး​တိုင်​အောင် မြေ​ကြီး​အ​ပေါ်၌ သွန်း​ပြီး​သ​မျှ​သော သူ​တော်​ကောင်း​တို့၏ အ​သွေး​သည် သင်​တို့ ခေါင်း​ပေါ်​သို့​ရောက်​လိမ့်​မည်။-

အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။-

အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ်​တို့​သည် သုံး​ရက်​ခွဲ​ပတ်​လုံး အ​လောင်း​ကောင်​တို့​ကို မြင်​ရ၍၊ သင်္ဂြိုဟ်​ခြင်း​ကို မြစ်​တား​ကြ​လိမ့်​မည်။-

ထို​သူ​တို့​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ပ​ရော​ဖက်​တို့၏ အ​သွေး​ကို သွန်း​လောင်း​ကြ​သည်​ဖြစ်၍၊ သူ​တို့​အား အ​သွေး​ကို တိုက်​တော်​မူ​ပြီ။ သူ​တို့​လည်း ခံ​ထိုက်​ကြ​ပါ၏​ဟု လျှောက်​ဆို​သည်​ကို ငါ​ကြား၏။-

ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ယေ​ရှု၏ သက်​သေ​ခံ​တို့၏ အ​သွေး​နှင့် ယစ်​မူး​သည်​ကို ငါ​မြင်၏။ ထို​သို့​မြင်​သော​အ​ခါ အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။

ပ​ရော​ဖက်​တို့၏ အ​သွေး၊ သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ မြေ​ကြီး​ပေါ်​မှာ ကွပ်​မျက်​သော​သူ အ​ပေါင်း​တို့၏ အ​သွေး​ကို ထို​မြို့၌​တွေ့၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ