Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 78:72

Judson Bible

ထို​သူ​သည် ဖြောင့်​သော​သ​ဘော​ရှိ​သည်​အ​တိုင်း ကျွေး​မွေး၍၊ လိ​မ္မာ​သော​လက်​နှင့် ပို့​ဆောင်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​လုံး​ကို​စိုး​စံ၍၊ နိုင်​ငံ​တော်​သား​တို့​တွင် တ​ရား​မှု​ကို စီ​ရင်​ဆုံး​ဖြတ်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ဒါ​ဝိဒ်​သည် ဟိ​တ္တိ​အ​မျိုး ဥ​ရိ​ယ​အ​မှု​ကို​ထား​လျှင်၊ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သော အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ရှောင်၊ ရှေ့​တော်၌ တ​ရား​သ​ဖြင့် ကျင့်​သော​အ​ကြောင်း​တည်း။

ထို​သို့ ရှင်​ဘု​ရင်​စီ​ရင်​တော်​မူ​သည်​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား​သိ​ကြ​သော​အ​ခါ၊ တ​ရား​စီ​ရင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဉာဏ်​နှင့် ရှင်​ဘု​ရင်​ပြည့်​စုံ​ကြောင်း​ကို သိ​မြင်၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​ရို​သေ​ကြ၏။

သင်​သည် ငါ​မှာ​ထား​သ​မျှ​ကို​ပြု၍၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ သင့်​အ​ဘ​ဒါ​ဝိဒ်​ကဲ့​သို့ ဖြောင့်​မတ်​စုံ​လင်​သော စိတ်​သ​ဘော​နှင့် ငါ့​ရှေ့​မှာ​ကျင့်​နေ​လျှင်၊

ချိန်း​ချက်​သော အ​ချိန်​ကာ​လ​နှင့် ငါ​တွေ့​ကြုံ​သော​အ​ခါ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​မည်။

အ​ချင်း​လူ​သား၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​တစ်​ဖက်၌ ပ​ရော​ဖက်​ပြု၍ ဟော​ပြော​လျက်၊ သိုး​ထိန်း​တို့​အား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ကိုယ်​ကို​သာ ကျွေး​မွေး​သော ဣ​သ​ရေ​လ​အ​မျိုး သိုး​ထိန်း​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သိုး​ထိန်း​သည် သိုး​တို့​ကို မ​ကျွေး​မွေး​ရ​သ​လော။

နောက်​မှ​ထို​သူ​ကို​ပယ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဒါ​ဝိဒ်​ကို ချီး​မြှောက်​တော်​မူ၏။ ထို​သူ​အား သက်​သေ​ခံ​တော်​မူ​လျက်၊ စိတ်​နှ​လုံး၌ ညီ​ညွတ်​သည်​ဖြစ်၍ ငါ့​အ​လို​ကို​ပြည့်​စုံ​စေ​မည့်​သူ၊ ယေ​ရှဲ၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ရ​ပြီ​ဟု မိန့်​တော်​မူ၏။-

ဒါ​ဝိဒ်​သည် မိ​မိ​ကာ​လ၌ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင်၊ ကျိန်း​စက်၍ မိ​မိ​ဘိုး​ဘေး​စု​ထဲ​သို့​ဝင်​သ​ဖြင့် ပုပ်​စပ်​ခြင်း​သို့ ရောက်​လေ၏။-

သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ