Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 78:6

Judson Bible

သ​ဘော​မ​ဖြောင့်၊ ဘု​ရား​သ​ခင်၌ စိတ်​ဝိ​ညာဉ် အ​မြဲ​မ​ဆည်း​ကပ်​သော​အ​မျိုး၊ ငြင်း​ဆန်၍ ပုန်​ကန်​တတ်​သော အ​မျိုး​တည်း​ဟူ​သော ဘိုး​ဘေး​တို့​ကဲ့​သို့ သား​မြေး​တို့​သည်​မ​ဖြစ်၊ ဘု​ရား​သ​ခင်၏​အ​မှု​တော်​တို့​ကို​မ​မေ့၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​ကိုး​စား၍၊ ပ​ညတ်​တော်​တို့​ကို​စော​င့်​စေ​ခြင်း​ငှာ၊ ထို​တ​ရား​တို့​ကို ဘိုး​ဘေး​တို့​သည် သား​တို့​အား​ပြ​သ၍၊ ဖြစ်​လ​တ္တံ့​သော​အ​မျိုး​တည်း​ဟူ​သော၊ ဖွား​မြင်​လ​တ္တံ့​သော​သား​တို့​သည် သိ​နား​လည်၍၊ နောက်​တစ်​ဖန် မြေး​မြစ်​တို့​အား ပြ​သ​ကြ​မည်​အ​ကြောင်း ပ​ညတ်​ထား​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​ပု​ရ​နေ့​တို့​သည် ယု​ဒ​အ​မျိုး၌ မ​ပျောက်၊ သား​စဉ်​မြေး​ဆက်​တို့​သည် မ​မေ့​မ​လျော့၊ အ​ပြည်​ပြည် အ​မြို့​မြို့၌​နေ​သော အ​ဆွေ​အ​မျိုး​အ​သီး​အ​သီး အ​စဉ်​အ​ဆက်​တို့​သည် အောက်​မေ့ စောင့်​ရှောက်​မည်​အ​ကြောင်း ဝန်​ခံ​ကြ၏။

ထို​အ​ကြောင်း​အ​ရာ​ကို နောက်​ဖြစ်​လ​တ္တံ့​သော​လူ​မျိုး​အ​ဖို့ ရေး​မှတ်​ရ​မည်။ ပြု​ပြင်​တော်​မူ​လ​တ္တံ့​သော​လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

အ​မှု​တော်​တို့​ကို လူ​မျိုး​အ​ဆက်​ဆက်​တို့​သည် ချီး​မွမ်း၍၊ တန်​ခိုး​တော်​များ​ကို ဟော​ပြော​ကြ​ပါ​လိမ့်​မည်။

ဤ​သို့​စီ​ရင်​တော်​မူ​ပြီ​ဟု သူ​တို့​သည် ပေါ်​လာ၍၊ တ​ရား​သော​အ​မှု​တော်​ကို ဖွား​သော​လူ​မျိုး​အား ဖော်​ပြ​ရ​ကြ​လိမ့်​မည်။

ရင်​တား​တို့​ကို​မှတ်၍ ဘုံ​ဗိ​မာန်​များ​ကို​လည်း ဆင်​ခြင်​ကြ​လော့။

တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

အ​မှု​တော်​သည် ကိုယ်​တော်၏​ကျွန်​တို့​အား​လည်း​ကောင်း၊ ဘုန်း​တော်​သည် သား​မြေး​တို့​အား​လည်း​ကောင်း ထင်​ရှား​ပါ​စေ​သော။

အဲ​ဂု​တ္တု​ပြည်၌​ငါ​ပြု​သော​အ​မှု၊ အဲ​ဂု​တ္တု​လူ​တို့​တွင် ငါ​ပြ​သော​နိ​မိတ်​တို့​ကို၊ သင်၏​သား​မြေး​တို့​အား​ကြား​ပြော​သ​ဖြင့်၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သူ၏​နှ​လုံး၊ သူ၏​ကျွန်​တို့​နှ​လုံး​ကို ငါ​ခိုင်​မာ​စေ​ပြီ​ဟု မော​ရှေ​အား မိန့်​တော်​မူ​၏။

ကိုယ်​သား​တို့​အား ပြော​ကြ​လော့။ သူ​တို့​သည် သူ​တို့​သား​တို့​အား ပြော​ကြ​စေ။ သူ​တို့​သား​တို့​သည်​လည်း ဆက်​နွယ်​သော အ​ခြား​သူ​တို့​အား ပြော​ကြ​စေ။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ