Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 72:12

Judson Bible

အ​ကြောင်း​မူ​ကား၊ ငတ်​မွတ်​သော​သူ​အော်​ဟစ်​သော​အ​ခါ၊ ထို​သူ​ကို​လည်း​ကောင်း၊ ကိုး​ကွယ်​ရာ​မ​ရှိ၍ ဆင်း​ရဲ​သော​သူ​ကို​လည်း​ကောင်း ချမ်း​သာ​ပေး​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ငါ​နှင့် ငါ့​သား​ကို ဘု​ရား​သ​ခင်၏​အ​မွေ​တော်​မြေ​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​သော သူ၏​လက်​မှ ငါ့​ကို​နုတ်​အံ့​သော​ငှာ နား​ထောင်​တော်​မူ​လိမ့်​မည်​ဟု ဆို​ပါ၏။

အ​ကြောင်း​မူ​ကား၊ ငါ​သည်​ဆင်း​ရဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ ကိုး​ကွယ်​ရာ​မ​ရ​သော​သူ အော်​ဟစ်​သော​အ​ခါ ကယ်​တင်​တတ်၏။

အ​မှု​ရောက်​သော ဆင်း​ရဲ​သား​တို့​ကို ကယ်​တင်​တော်​မူ၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​အ​ခါ၊ နား​ထောင်​စေ​ခြင်း​ငှာ ပြု​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် နှိမ့်​ချ​လျက်​ရှိ​သော​သူ​တို့၏ တောင့်​တ​ခြင်း​အ​သံ​ကို ကြား​တော်​မူ၏။ သူ​တို့၏​စိတ်​နှ​လုံး​ကို တည်​ကြည်​စေ​တော်​မူ၏။

ကိုး​ကွယ်​ရာ​မဲ့​သော​သူ​တို့ ဆု​တောင်း​ခြင်း​အ​ကြောင်း​ကို မ​ထီ​မဲ့​မြင်​မ​ပြု၊ သူ​တို့၏​ပ​တ္ထ​နာ​ကို မှတ်​တော်​မူ​လိမ့်​မည်။

ညဉ့်​ဦး​အ​ချိန်၊ နံ​နက်​အ​ချိန်၊ မွန်း​တည့်​အ​ချိန်​တို့၌ ငါ​သည်​ညည်း​တွား​မြည်​တမ်း၍၊ ငါ၏​အ​သံ​ကို ကြား​တော်​မူ​မည်။

ထို​မင်း​သည် ကိုယ်​တော်၏ လူ​တို့​တွင် ဆင်း​ရဲ​သား​တို့​ကို တ​ရား​စီ​ရင်​လျက်၊ ငတ်​မွတ်​သော​သူ​တို့၏ သား​သ​မီး​များ​ကို ကယ်​မ၍၊ ညှဉ်း​ဆဲ​သော​သူ​ကို​လည်း နှိပ်​စက်​ပါ​လိမ့်​မည်။

ဖြောင့်​မတ်​သော​သူ​သည် ဆင်း​ရဲ​သား​အ​မှု​ကို ဆင်​ခြင်​တတ်၏။ မ​တ​ရား​သော​သူ​မူ​ကား၊ ထို​အ​မှု​ကို ပ​မာ​ဏ​မ​ပြု​တတ်။

တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။

ဆင်း​ရဲ​သော​သူ​နှင့် ငတ်​မွတ်​သော​သူ​တို့​သည် ရေ​ကို​ရှာ၍ မ​တွေ့၊ ရေ​ငတ်၍ လျှာ​သွေ့​ခြောက်​သော​အ​ခါ၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို နား​ထောင်​မည်။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ဖြစ်​သော ငါ​သည် သူ​တို့​ကို​မ​စွန့်။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။-

ထို​အ​ခါ​ယေ​ရှု​က၊ သင်​တို့​သည်​ကြား​ရ​သ​မျှ၊ မြင်​ရ​သ​မျှ​တို့​ကို သွား၍ ယော​ဟန်​အား ကြား​လျှောက်​ကြ​လော့။ မျက်​စိ​ကန်း​သော​သူ​တို့​သည် မျက်​စိ​မြင်​ရ​ကြ၏။ ခြေ​မ​စွမ်း​သော​သူ​တို့​သည် လှမ်း​သွား​ရ​ကြ၏။ နူ​နာ​စွဲ​သော သူ​တို့​သည် သန့်​ရှင်း​ခြင်း​သို့ ရောက်​ရ​ကြ၏။ နား​ပင်​သော​သူ​တို့​သည် နား​ကြား​ရ​ကြ၏။ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​သို့ ရောက်​ရ​ကြ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။

ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

အ​မှု​ရောက်​သော​သူ၊ ကြွေး​တင်​သော​သူ၊ စိတ်​ညစ်​သော​သူ အ​ပေါင်း​တို့​သည်၊ သူ့​ထံ​မှာ​စု​ဝေး​ကြ၍ လူ​လေး​ရာ​ခန့်​ရှိ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို​အုပ်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ