Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 71:1

Judson Bible

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။ အ​ရှက်​ကွဲ​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ထို​မင်း​ခို​လှုံ​သ​ကဲ့​သို့၊ သူ့​နောက်​မှာ​ခို​လှုံ​သော ယု​ဒ​ရှင်​ဘု​ရင် တစ်​ယောက်​မျှ​မ​ရှိ။ ရှေ့​ကာ​လ၌​လည်း​မ​ရှိ။

စစ်​တိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​ကိုး​စား၍ ဆု​တောင်း​သော​ကြောင့်၊ ဘု​ရား​သ​ခင် မ​စ​တော်​မူ​ခြင်း​ကျေး​ဇူး​အား​ဖြင့်၊ ဟာ​ဂ​ရ​လူ​တို့​နှင့် သူ​တို့​ဥ​စ္စာ​ရှိ​သ​မျှ​ကို​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​သော​သူ​တို့​သည် မ​တုန်​မ​လှုပ်၊ အ​စဉ်​အ​မြဲ​တည်​သော ဇိ​အုန်​တောင်​ကဲ့​သို့ ဖြစ်​ကြ၏။

ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင် မ​စ​တော်​မူ​သော​သူ၊ မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

သူ​တို့​သည် ကိုယ်​တော်​ကို အော်​ဟစ်၍ ကယ်​တင်​ခြင်း​သို့ ရောက်​ပါ၏။ ကိုယ်​တော်​ကို​ကိုး​စား၍ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ကြ​ပါ၏။

ဣ​သ​ရေ​လ​အ​မျိုး​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ထာ​ဝ​ရ ကယ်​တင်​ခြင်း​သို့​ရောက်၍၊ သင်​တို့​သည် ရှက်​ကြောက်​ခြင်း၊ မှိုင်​တွေ​ခြင်း​နှင့် က​မ္ဘာ​အ​ဆက်​ဆက် ကင်း​လွတ်​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​တို့​သည် အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ အ​ရှက်​မ​ကွဲ​ပါ​စေ​နှင့်။ သူ​တို့​သည် စိတ်​ပျက်​ကြ​ပါ​စေ​သော။ အ​ကျွန်ုပ်​မူ​ကား၊ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ သူ​တို့​အ​ပေါ်​မှာ ဘေး​အ​န္တ​ရာယ်​ကာ​လ​ကို ရောက်​စေ​တော်​မူ​ပါ။ အ​ထပ်​ထပ်​ဖျက်​ဆီး​တော်​မူ​ပါ။

ကျမ်း​စာ၌​လာ​သည်​ကား၊ ထိ​မိ၍ လဲ​စ​ရာ​ကျောက်၊ မှား​ယွင်း​စ​ရာ​ကျောက်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ မည်​သည်​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​နိုင်​ရာ​ဟု​လာ​သည်​နှင့် အ​ညီ၊ ထို​ကျောက်​ကို ဣ​သ​ရေ​လ​လူ​တို့​သည် ထိ​မိ၍ လဲ​ကြ၏။

ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ရွေး​ချယ်​သော တိုက်​ထောင့်​အ​မြစ်​ကျောက်​မြတ်​ကို ဇိ​အုန်​တောင်​ပေါ်​မှာ ငါ​ချ​ထား၏။ ထို​ကျောက်​ကို အ​မှီ​ပြု​သော​သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​နိုင်​ရာ​ဟု လာ​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ