Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 7:5

Judson Bible

ရန်​သူ​သည် အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို​လိုက်၍​မီ​ပါ​စေ။ အ​ကျွန်ုပ်​အ​သက်​ကို မြေ​ပေါ်​မှာ​နင်း၍၊ အ​ကျွန်ုပ်​အ​သ​ရေ​ကို မြေ​မှုန့်၌ နှိမ့်​ချ​ပါ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ကိုယ်​အ​ရေ​ပေါ်​မှာ လျှော်​တေ​အ​ဝတ်​ကို​ချုပ်၍ ကိုယ်​ဦး​ချို​ကို ရွှံ့​နှင့်​လူး​ပြီ။

သူ​သည် ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု၍ ချမ်း​သာ​မ​ရ​ဟု အ​ကျွန်ုပ်​ကို​ရည်​ဆောင်၍ ပြော​သော​သူ​အ​များ ရှိ​ကြ​ပါ၏။

ကိုယ်​တော်​အား​ဖြင့် အ​ကျွန်ုပ်​တို့​သည် ရန်​သူ​များ​ကို တွန်း​ချ​ကြ​ပါ​စေ​သော။ ရန်​ဘက်​ပြု​သော​သူ​တို့​ကို နာ​မ​တော်​အား​ဖြင့် နင်း​ရ​သော​အ​ခွင့် ရှိ​ကြ​ပါ​စေ​သော။

သို့​ရာ​တွင် လူ​သည်​ဂုဏ်​အ​သ​ရေ၌ မ​တည်​မ​နေ​တတ်။ ပျက်​စီး​ခြင်း​သို့ ရောက်​တတ်​သော တိ​ရ​စ္ဆာန်​နှင့်​တူ၏။

ဘု​ရား​သ​ခင်​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​စွာ ပြု​ကြ​မည်။ ငါ​တို့၏ ရန်​သူ​များ​ကို ကိုယ်​တော်​တိုင်​နင်း​တော်​မူ​မည်။

အ​ဓ​မ္မ​လူ​မျိုး​ရှိ​ရာ​သို့ သူ့​ကို​ငါ​စေ​လွှတ်​မည်။ ငါ့​အ​မျက်​ခံ​ရာ​လူ​စု​ကို လု​ယူ​ဖျက်​ဆီး၍၊ လမ်း၌ ရွှံ့​ကို​ကဲ့​သို့ ကျော်​နင်း​စေ​ခြင်း​ငှာ၊ သူ့​ကို​ငါ​မှာ​ထား​မည်။

စ​ပျစ်​သီး​ကို ငါ​တစ်​ယောက်​တည်း နင်း​နယ်​ရ​ပြီ။ လူ​များ​အ​ထဲ​က တစ်​ယောက်​မျှ​မ​ပါ။ သူ​တို့​ကို ငါ​အ​မျက်​ထွက်၍ ကျော်​နင်း​ပြီ။ ပြင်း​စွာ​အ​မျက်​ထွက်၍ နှိပ်​နင်း​ပြီ။ သူ​တို့​အ​သွေး​သည် ငါ့​အ​ဝတ်​ပေါ်​မှာ ဖျန်း​လျက်​ရှိ​ပြီ။ ငါ့​အ​ဝတ်​တန်​ဆာ​ရှိ​သ​မျှ​ကို ငါ​ဆိုး​ပြီ။

အို ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​စ​ရာ အ​ကြောင်း​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို စွန့်​ပစ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​ပါ​လိမ့်​မည်။ ငါ့​ထံ​မှ ထွက်​သွား​သော​သူ​တို့​သည် မြေ​စာ​ရင်း​သို့ ဝင်​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​သက်​စမ်း​ရေ​တွင်း တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​သ​တည်း။

ကိုယ်​တော်၏​လူ​တို့​ကို ကယ်​တင်​ခြင်း၊ ကိုယ်​တော်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​သူ​တို့​ကို ကယ်​တင်​ခြင်း​အ​လို​ငှာ ထွက်​ကြွ​တော်​မူ၏။ အ​ဓ​မ္မ​လူ၏​အိမ်၌ ဦး​ခေါင်း​ကို နှိပ်​စက်၍၊ မူ​လ​အ​မြစ်​ကို လည်​ပင်း​တိုင်​အောင် ပယ်​ရှင်း​တော်​မူ၏။

သူ​တို့​သည် စစ်​တိုက်​ရာ​တွင် လမ်း၌​ရှိ​သော​ရွှံ့​ကို​နင်း​သော စစ်​သူ​ရဲ​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ ကျေး​ဇူး​တော်​ကို ခံ​ရ​သော​ကြောင့်၊ စစ်​တိုက်၍ မြင်း​စီး​သူ​ရဲ​တို့​ကို အ​ရှက်​ခွဲ​ကြ​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​ကို​လည်း နင်း​ကြ​လိမ့်​မည်။ ထို​သို့ ငါ​စီ​ရင်​သော နေ့​ရက်၌ သူ​တို့​သည် သင်​တို့ ခြေ​ဖ​ဝါး​အောက်၌ မြေ​မှုန့်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​မှ​တစ်​ပါး ကျွန်​တော်​အ​ဘ ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​လက်၌ အင်္ကျီ​တော်​အောက်​ပိုင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို မ​သတ်၊ အင်္ကျီ​တော်​အောက်​ပိုင်း​ကို လှီး​ဖြတ်​ရုံ​မျှ​သာ ပြု​သော​ကြောင့်၊ ကျွန်​တော်၌ ဒု​စ​ရိုက်​အ​ပြစ်​မ​ရှိ၊ လွန်​ကျူး​ခြင်း​အ​ပြစ် မ​ရှိ​ကြောင်း​ကို သိ​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ပါ။ သို့​သော်​လည်း ကျွန်​တော်​အ​သက်​ကို သတ်​အံ့​သော​ငှာ လိုက်၍ ရှာ​တော်​မူ​ပါ​သည်​တ​ကား။

ငါ၌ အ​ဘယ်​သို့ ကျေး​ဇူး​ပြု​သည်​ကို သင်​သည်​ယ​နေ့​ပြ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို သင့်​လက်၌ အပ်​တော်​မူ​သော်​လည်း၊ သင်​သည် မ​သတ်​ဘဲ​နေ​ပါ​သည်​တ​ကား။

ယ​ခု​မှာ​သင်​သည် စင်​စစ် ရှင်​ဘု​ရင်​ဖြစ်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ဣ​သ​ရေ​လ​နိုင်​ငံ​သည် သင့်​လက်၌​တည်​လိမ့်​မည် ဟူ၍​လည်း​ကောင်း၊ ငါ​အ​မှန်​သိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ