Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 7:2

Judson Bible

သို့​မ​ဟုတ် နုတ်​ယူ​သော​သူ​မ​ရှိ​စဉ်၊ ရန်​သူ​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို လု​ယူ​ကိုက်​ဖြတ်​ပါ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကျွန်​မ၌ သား​နှစ်​ယောက်​ရှိ​ပါ၏။ ထို​သား​နှစ်​ယောက်​တို့​သည် ခိုက်​ရန်​ပြု​ကြ​ပါ၏။ ဖျန်​ဖြေ​သော​သူ​မ​ရှိ​သော​ကြောင့် တစ်​ယောက်​သည်​တစ်​ယောက်​ကို သေ​သည်​တိုင်​အောင် လုပ်​ကြံ​ပါ၏။

အ​ကျွန်ုပ်​သည် လူ​ဆိုး​မ​ဟုတ်​ကြောင်း​နှင့် လက်​တော်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်​ကြောင်း​ကို သိ​တော်​မူ၏။

ချုံ​ထဲ​မှာ​နေ​သော ခြင်္သေ့​ကဲ့​သို့ ကွယ်​ရာ​အ​ရပ်၌ ပုန်း၍​နေ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ဖမ်း​ဆီး​ခြင်း​ငှာ ပုန်း​ကွယ်၍ နေ​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ကွန်​ရွက်​ထဲ​သို့​ဆွဲ၍ ဖမ်း​ဆီး​တတ်​ပါ၏။

မ​တ​ရား​သော​သူ​တို့​သည် သ​ဘော​ဖြောင့်​သော သူ​တို့​ကို မ​ထင်​မ​ရှား​ပစ်​အံ့​သော​ငှာ လေး​ကို​တင်၍၊ လေး​ညှို့​ပေါ်​မှာ မြား​ကို​ပြင်​ကြ၏။ အမှီ​တံ​ကဲ​တို့​သည် ပျက်​လျှင် ဖြောင့်​မတ်​သော​သူ​သည် အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း။ ငါ့​ဝိ​ညာဉ်​အား သင်​သည်​ငှက်​သ​ကဲ့​သို့ ကိုယ်​နေ​ရာ​တောင်​ပေါ်​သို့ ပြေး​ချေ​ဟု အ​ဘယ်​ကြောင့် ပြော​ကြ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

အ​ကျွန်ုပ်​ကို စောင့်​မ​တော်​မူ​ပါ​ဘု​ရား။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​ပါ၏။

ဖမ်း​မိ​သော​အ​ကောင်​ကို စား​ချင်​အား​ကြီး​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ချောင်း၍​နေ​သော ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။

ကိုက်​ဖြတ်၍ ဟောက်​တတ်​သော​ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​ကို ပါး​စပ်​ဟ​ကြ​ပါ၏။

အ​ကျွန်ုပ်​ဘက်​သို့ နား​တော်​ကို​လှည့်၍ အ​လျင်​အ​မြန်၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ကျောက်၊ အ​ကျွန်ုပ်​လုံ​ခြုံ​ရာ​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။

ငါ​လဲ​သော​အ​ခါ​မူ​ကား၊ သူ​တို့​သည် ဝမ်း​မြောက်၍ စည်း​ဝေး​ကြ၏။ ရိုက်​ပုတ်​သော​သူ​တို့​သည် ငါ့​တစ်​ဖက်၌ စည်း​ဝေး​ကြ၏။ သူ​တို့​ကို​လည်း ငါ​မ​သိ​ရ။ မ​ရပ်​မ​နား​ဘဲ ငါ့​ကို​ဆွဲ​ဖြတ်​ကြ၏။

ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။

ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​အ​ထဲ​က အ​ကျွန်ုပ်​ကို​နုတ်​ယူ၍၊ အ​သက်​ကို​သတ်​လို​သော သူ​တို့​လက်​မှ ကယ်​တင်​တော်​မူ​ပါ။

ရှင်​ဘု​ရင်၏​အ​မျက်​တော်​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ ဖြစ်၏။ ကျေး​ဇူး​တော်​မူ​ကား၊ မြက်​ပေါ်​မှာ​ကျ​သော နှင်း​ရည်​ကဲ့​သို့ ဖြစ်၏။

ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ နံ​နက်​တိုင်​အောင် မြည်​ရ၏။ တစ်​နေ့​ချင်း​တွင် ငါ့​ကို ဆုံး​စေ​တော်​မူ​လိမ့်​မည်​ဟု ငါ​ဆို​သ​တည်း။

ဂဒ်​အ​မျိုး​ကို​ကား၊ ဂဒ်​အ​မျိုး​ကို ကျယ်​ဝန်း​စေ​သော​သူ​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ ထို​အ​မျိုး​သည် ခြင်္သေ့​ကဲ့​သို့​နေ၍၊ လက်​ရုံး​နှင့်​ဦး​ထိပ်​ကို ဆုတ်​ဖဲ့​တတ်၏။

သူ​တို့၌ အ​ပြစ်​တင်​တော်​မ​မူ​ပါ​စေ​နှင့်။ လူ​အ​ပေါင်း​တို့​သည် စွန့်​ပစ်​ကြ​သော်​လည်း၊ ဒေ​သ​နာ​တော်​ကို အ​ကုန်​အ​စင်​ဟော​ပြော၍၊ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ကြား​သိ​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​သည် ငါ့​ဘက်၌​နေ၍ ငါ့​ကို ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော​ကြောင့်၊ ခြင်္သေ့​ခံ​တွင်း​မှ ကယ်​နုတ်​ခြင်း​ချမ်း​သာ​ကို ငါ​ရ၏။-

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။-

ဇိ​ဒုန်​မြို့​နှင့်​ဝေး​သော​ကြောင့်​လည်း​ကောင်း၊ အ​ဘယ်​သူ​နှင့်​မျှ အ​မှု​မ​ဆိုင်​သော​ကြောင့်​လည်း​ကောင်း၊ ကယ်​နုတ်​သော​သူ မ​ရှိ။ ထို​မြို့​သည် ဗက်​ရ​ဟော​ဘ​မြို့​အ​နား​မှာ​ရှိ​သော ချိုင့်၌​တည်၏။ ထို​အ​ရပ်၌ မြို့​သစ်​ကို​တည်၍ နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ