Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 69:4

Judson Bible

အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် အ​ကျွန်ုပ်၏​ဆံ​ပင်​ထက် များ​ကြ​ပါ၏။ မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု၍ ဖျက်​ဆီး​သော​သူ​တို့​သည် ခွန်​အား​ကြီး​ကြ​ပါ၏။ ထို​အ​ခါ အ​ကျွန်ုပ်​သည် မ​ယူ​သော​ဥ​စ္စာ​ကို​ပင် ပြန်​ပေး​ရ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မ​ဟုတ်​မ​မှန်​ဘဲ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​သော သူ​တို့​သည် အောင်​ပွဲ​ကို မ​ခံ​ကြ​ပါ​စေ​နှင့်။ အ​ကြောင်း​မ​ရှိ​ဘဲ အ​ကျွန်ုပ်​ကို​မုန်း​သော သူ​တို့​လည်း မျက်​စိ​စွေ​ပြ​ခြင်း​ကို မ​ပြု​ကြ​ပါ​စေ​နှင့်။

အ​ကြောင်း​မူ​ကား၊ အ​တိုင်း​မ​သိ များ​စွာ​သော​ဘေး​ဥ​ပဒ်​တို့​သည် အ​ကျွန်ုပ်​ကို ဝိုင်း​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​မျှော်၍ မ​ကြည့်​နိုင်​အောင် ခံ​ရ​သော​အ​ပြစ်​တို့​သည် အ​ကျွန်ုပ်​ကို​မီ​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​ဆံ​ပင်​ထက် များ​ပြား​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​နှ​လုံး​သည် အား​လျော့​ပါ​ပြီ။

သူ​တို့​သည် အ​ကျွန်ုပ်​အ​သက်​ကို သတ်​လို၍ ချောင်း​ကြည့်​လျက်​နေ​ကြ​ပါ၏။ အား​ကြီး​သော​သူ​တို့​သည် အ​ကျွန်ုပ်​တစ်​ဖက်၌ စည်း​ဝေး​ကြ​ပါ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​မှား​ယွင်း​သော​ကြောင့် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​အ​ပြစ်​ကြောင့် မ​ဟုတ်​ပါ။

ဝမ်း​နည်း​ခြင်း​အား​ဖြင့် မျက်​စိ​ပျက်၍၊ ရန်​သူ​များ​ကြောင့် ပြာ​မှုန်​လျက်​ရှိ​ပါ၏။

သို့​ဖြစ်​လျှင်၊ အ​ကြောင်း​မ​ရှိ​ဘဲ ငါ့​ကို​မုန်း​ကြ၏​ဟု သူ​တို့၏​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သော​စ​ကား​သည် ပြည့်​စုံ​ခြင်း​သို့ ရောက်​သ​တည်း။-

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် အ​ပြစ်​နှင့် ကင်း​စင်​သော​သူ​ကို ငါ​တို့​အ​တွက်​ကြောင့် အ​ပြစ်​ရှိ​သော​သူ ဖြစ်​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ထို​သူ​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​သော​သူ ဖြစ်​မည်​အ​ကြောင်း​တည်း။

ထို​သ​ခင်​သည် ဒု​စ​ရိုက်​ကို​မ​ပြု၊ နှုတ်​တော်၌​လည်း မု​သား​ကို​ရှာ​မ​တွေ့၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​သော​အ​ခါ ပြန်၍​မ​ကဲ့​ရဲ့။-

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-

ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​အား​ဖြင့် အ​သေ​သတ်​ခြင်း​ကို​ခံ၍၊ ဝိ​ညာဉ်​တော်​အား​ဖြင့် အ​သက်​ရှင်​ခြင်း​သို့ ရောက်​တော်​မူ​သည်​ဖြစ်၍ ငါ​တို့​ကို ဘု​ရား​သ​ခင့် အ​ထံ​တော်​သို့ ပို့​ဆောင်​ခြင်း​ငှာ၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​သည်၊ မ​ဖြောင့်​မတ်​သော သူ​တို့​အ​တွက်၊ ဒု​စ​ရိုက်​အ​ပြစ်​များ​ကြောင့် တစ်​ခါ​ခံ​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ