Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 69:29

Judson Bible

အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငြို​ငြင်​ပါ၏။ အို​ဘု​ရား​သ​ခင်၊ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​သည် အ​ကျွန်ုပ်​ကို ချီး​မြှင့်​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။ အ​ကျွန်ုပ်​အ​ထဲ၌ နှ​လုံး​နာ​လျက်​ရှိ​ပါ၏။

အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သော​သူ၏​ဝိ​ညာဉ်​ကို အ​ပြစ်​စီ​ရင်​သော သူ​တို့၏​လက်​မှ ကယ်​တင်​ခြင်း​ငှာ၊ သူ၏​လက်​ယာ​ဘက်​မှာ​ရပ်၍ နေ​တော်​မူ​တတ်၏။

ရန်​သူ​တို့​လက်​မှ ငါ့​ကို​ကယ်​လွှတ်​တော်​မူ၏။ အ​ကျွန်ုပ်​တစ်​ဖက်၌ ထ​သော​သူ​တို့​အ​ပေါ်​သို့ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မြှောက်​တင်၍၊ လု​ယူ​ဖျက်​ဆီး​တတ်​သော​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။

ဘေး​အ​န္တ​ရာယ်​ရောက်​သော​ကာ​လ၌၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​စ​ကား​ကို​နား​ထောင်၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင်​နာ​မ​တော်​သည် ချီး​မြှောက်​တော်​မူ​ပါ​စေ​သော။

အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။

အို အ​ကျွန်ုပ်၏​ဘု​ရား၊ ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို ရန်​ဘက်​ပြု​သော​သူ​တို့၏​အ​ပေါ်​မှာ အ​ကျွန်ုပ်​ကို ချီး​မြှောက်​တော်​မူ​ပါ။

အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ရှိ​ရာ​သို့ အ​လျင်​အ​မြန် ကြွ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကြင်​သူ​သည်​ငါ့​ကို​ပြစ်​မှား၏၊ ထို​သူ၏​နာ​မ​ကို ငါ့​စာ​ရင်း၌ ငါ​ချေ​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​စ​ရာ အ​ကြောင်း​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို စွန့်​ပစ်​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ရ​ကြ​ပါ​လိမ့်​မည်။ ငါ့​ထံ​မှ ထွက်​သွား​သော​သူ​တို့​သည် မြေ​စာ​ရင်း​သို့ ဝင်​ရ​ကြ​ပါ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​သက်​စမ်း​ရေ​တွင်း တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​ကြ​သ​တည်း။

ယေ​ရှု​က​လည်း မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ​အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား၊ ခေါင်း​ချ​ရာ​မျှ မ​ရှိ​ဟု မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ