သူတို့အပြစ်၌ အပြစ်ကိုထပ်၍ ပေးတော်မူပါ။ ကုသိုလ်တော်နှင့် မဆိုင်ကြပါစေနှင့်။
သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ် မပြေပါစေနှင့်။ မြို့ရိုးကိုတည်သော သူတို့၏စိတ်ကို နာစေခြင်းငှာ၊ ပြောတတ်ကြပါသည်တကား။
ဘုရားသခင် ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကိုစား၍ မရောင်ရဲ့ဘဲနေကြသနည်း။
သူ့ဘိုးဘေးတို့၏ဒုစရိုက်ကို ထာဝရဘုရားသည် သတိရတော်မူပါစေ။ သူ့အမိ၏အပြစ်သည် မဖြေပါစေနှင့်။
ထာဝရဘုရား၏လက်တော်မှ ကောင်းချီးမင်္ဂလာကိုလည်းကောင်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏လက်တော်မှ ဖြောင့်မတ်ခြင်းတရားကိုလည်းကောင်း ခံရလိမ့်မည်။
ငါသည်လည်း ထိုသူတို့ကို သူတို့နှလုံးခိုင်မာခြင်း၌အပ်၍၊ သူတို့သည် မိမိတို့အလိုသို့ လိုက်ကြ၏။
ဖာရောမင်းလည်း၊ သက်သာရကြောင်းကိုသိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
ထိုအခါ၌လည်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။
ထာဝရဘုရားသည် ဖာရောဘုရင်၏နှလုံးကို ခိုင်မာစေတော်မူသည်ဖြစ်၍၊ မောရှေအားမိန့်တော်မူသည်အတိုင်း၊ သူတို့စကားကို နားမထောင်ဘဲနေလေ၏။
မတရားသောသူသည် ကျေးဇူးကိုခံရသော်လည်း၊ တရားကို မသင်တတ်ပါ။ တရားကျင့်ရာပြည်၌ပင် အဓမ္မပြု၍၊ ထာဝရဘုရား၏ဘုန်းတော်ကို ပမာဏမပြုတတ်ပါ။
ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှာ ငါပညတ်မည်။
သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။
ကျန်ကြွင်းသောသင်တို့သည်၊ ရန်သူပြည်၌ကိုယ်အပြစ်၊ ဘိုးဘတို့အပြစ်ကိုခံလျက်၊ ဘိုးဘနှင့်တကွ အားလျော့ကြလိမ့်မည်။
လမ်းနားမှာ သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်လျှင်၊ ထိုအပင်သို့ကြွသွား၍ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ယခုမှစ၍ အစဉ်မပြတ် သင်၌အသီးမသီးစေနှင့်ဟု မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ချင်း သွေ့ခြောက်လေ၏။-
ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ်လိုသည်ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေမည်အကြောင်း၊ ဘုရားသခင်သည် သူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ၊-
ထိုသို့နှင့်အညီ၊ ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကိုလည်း ခိုင်မာစေတော်မူ၏။
ဖြောင့်မတ်ခြင်းတရားကို မီအောင်လိုက်သော ဣသရေလလူတို့မူကား၊ ဖြောင့်မတ်ခြင်းတရားကို မမီကြ။-
ပန်းတဉ်းသမားအာလေဇန္ဒြုသည် ငါ၌ မကောင်းသော အမှုအများကို ပြုလေပြီ။ ထိုသူကျင့်သော အကျင့်တို့၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော။-