သူတို့စားပွဲသည် သူတို့ရှေ့မှာ ကျော့ကွင်းသော်လည်းကောင်း၊ ခံထိုက်သောအပြစ်သော်လည်းကောင်း၊ ထောင်ချောက်သော်လည်းကောင်း ဖြစ်ပါစေ။
ဉာဏ်တိမ်သောသူတို့သည် လမ်းလွဲသဖြင့် အသက်ဆုံးတတ်ကြ၏။ မိုက်သောသူတို့သည် သတိလစ်သောအားဖြင့် ပျက်စီးခြင်းသို့ရောက်တတ်ကြ၏။
ငါ၏နာမတော်ကို ချီးမွမ်းလိုသောငှာ သင်တို့သည် နားမထောင်၊ နှလုံးမသွင်းဘဲနေလျှင်၊ ကျိန်ခြင်းဘေးကို သင်တို့အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏မင်္ဂလာကို အမင်္ဂလာဖြစ်စေမည်။ ထိုမျှမက၊ နှလုံးမသွင်းဘဲနေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ။
ခြင်တောင်း၌လည်းကောင်း၊ မုန့်နယ်သောခွက်၌လည်းကောင်း အမင်္ဂလာရှိလိမ့်မည်။
ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့် ကင်းလွတ်၏ဟု ဆိုစဉ်တွင်၊ ကိုယ်ဝန်ဆောင်သောမိန်းမ၌ သားဖွားခြင်းဝေဒနာရောက်သကဲ့သို့၊ သူတို့အပေါ်၌ လျင်မြန်စွာသော ပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့် မရှိရကြ။-
နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်း ဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှာ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။