Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 69:17

Judson Bible

ကိုယ်​တော်၏​ကျွန်​မှ မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​ပါ​ပြီ။ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​ကို အ​ဘယ်​ကြောင့် သည်း​ခံ​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​အ​ပြစ်​ကို အ​ဘယ်​ကြောင့် ဖြေ​ရှင်း​တော်​မ​မူ​သ​နည်း။ ယ​ခု​မှာ အ​ကျွန်ုပ်​သည် မြေ​မှုန့်၌​အိပ်​ရ​ပါ​မည်။ ကိုယ်​တော်​သည် နံ​နက်​အ​ချိန်၌ ရှာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​မ​ရှိ​ပါ​ဟု မြွက်​ဆို၏။

ဘေး​ရောက်​သည်​ကာ​လ၌ မျက်​နှာ​တော်​ကို အ​ကျွန်ုပ်​မှ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။ အ​လျင်​အ​မြန် ထူး​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အ​လျှင်း​မ​မှတ်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မေ့​လျော့​တော်​မူ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မျက်​နှာ​တော်​ကို ကွယ်​ထား​တော်​မူ​မည်​နည်း။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် စိတ်​ပျက်​ပါ​ပြီ။ မျက်​နှာ​လွှဲ​တော်​မူ​သ​ဖြင့်၊ တွင်း​ထဲ​သို့ ဆင်း​သော​သူ​ကဲ့​သို့ အ​ကျွန်ုပ်​ကို ဖြစ်​စေ​တော်​မ​မူ​ပါ​နှင့်။

အို​ထာ​ဝ​ရ​ဘု​ရား၊ ရန်​သူ​တို့​လက်​မှ အ​ကျွန်ုပ်​ကို ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​ကို ခို​လှုံ​ပါ၏။

အ​ကြောင်း​မူ​ကား၊ နှိမ့်​ချ​လျက်​ရှိ​သော​သူ၏ နှိမ့်​ချ​သော​အ​ဖြစ်​ကို မ​ထီ​မဲ့​မြင်​ပြု​တော်​မူ​သည် မ​ဟုတ်။ မျက်​နှာ​တော်​ကို​မ​လွှဲ၊ အော်​ဟစ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပြီ။

အ​ကျွန်ုပ်​ကို မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်၍ ကိုယ်​တော်၏​ကျွန်​ကို ပယ်​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​တော်​မူ​ဖူး​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။

အ​ကျွန်ုပ်​တို့ ခံ​ရ​သော​နှိမ့်​ချ​ခြင်း​နှင့် ညှဉ်း​ဆဲ​ခြင်း​ကို မျက်​နှာ​တော်​လွှဲ၍ အ​ဘယ်​ကြောင့် မေ့​လျော့​တော်​မူ​သ​နည်း။

ဆင်း​ရဲ​ခံ​ရ​စဉ်​အ​ခါ၊ အ​ကျွန်ုပ်​သည် နှုတ်​ကို​ဖွင့်၍ မြွက်​ဆို​သည်​အ​တိုင်း၊ သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို နုတ်​ယူ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။

ထို​အ​ခါ ယေ​ရှု​က၊ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ ငါ​နှင့်​အ​တူ​စောင့်၍ နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊-

သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မာ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ