အို ဘုရားသခင်၊ လူများတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။ လူများအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါစေသော။
ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။
ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကို ငါတို့သည်ခံရသည်အတိုင်း သင်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။