Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 66:14

Judson Bible

ဆင်း​ရဲ​ခံ​ရ​စဉ်​အ​ခါ၊ အ​ကျွန်ုပ်​သည် နှုတ်​ကို​ဖွင့်၍ မြွက်​ဆို​သည်​အ​တိုင်း၊ သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​ထ၍ ဗေ​သ​လ​အ​ရပ်​သို့​သွား​ကြ​စို့။ ငါ​သည်​ဆင်း​ရဲ​ခံ​ရ​သော​ကာ​လ ငါ့​ကို​ထူး၍၊ ငါ​သွား​သော​လမ်း၌​ကြွ​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ဖို့ ထို​အ​ရပ်၌ ယဇ်​ပ​လ္လင်​ကို​ငါ​တည်​မည်​ဟု ဆို​လေ၏။

ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့​ဝင်​လေ၏။

ထို​သို့​ငါ​သည် ဆင်း​ရဲ​ငြို​ငြင်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​ခေါ်၍၊ ငါ၏​ဘု​ရား​သ​ခင်​ကို အော်​ဟစ်​လေ၏။ ခေါ်​သော​အ​သံ​ကို ဗိ​မာန်​တော်​ထဲ​မှာ​ကြား​တော်​မူ၍၊ အော်​ဟစ်​သော​အ​သံ​သည် နား​တော်​ထဲ​သို့ ဝင်​လေ၏။

သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ ရှင်း​ရှင်း​ပယ်​ဖျက်​လျှင်၊ သ​စ္စာ​က​တိ​နှင့်​လည်း​ကောင်း၊ စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​ခြင်း​နှင့်​လည်း​ကောင်း ဆိုင်​သော​စ​ကား​မည်​မျှ မ​တည်​ရ။ လင်​သည် ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။

လူ​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​သော်​လည်း​ကောင်း၊ မိ​မိ​ပြော​သော​စ​ကား​ကို မ​ဖျက်​ဘဲ၊ မိ​မိ​နှုတ်​ထွက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။

သို့​မ​ဟုတ် လင်​သည်​ကြား​သော​နေ့၌ မြစ်​တား​လျှင်၊ ထို​သ​စ္စာ​စ​ကား၊ ကိုယ်​စိတ်​ဝိ​ညာဉ်၌ ချည်​နှောင်​သော​စ​ကား​ကို လင်​သည်​ပယ်၍၊ ထာ​ဝ​ရ​ဘု​ရား​လည်း လွှတ်​တော်​မူ​မည်။

အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ