အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော်အားလည်း သစ္စာဝတ်ကိုဖြေရပါ၏။
ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေသောကြောင့်၊ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်ကြ၏။
ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် ဒါဝိဒ်မြို့ထဲသို့ဝင်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက် တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။
အိုထာဝရဘုရား၊ ကိုယ်တော်သည် အစွမ်းတန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်း ရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုးတော်ကို ထောမနာသီချင်းဆိုကြပါမည်။
အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကိုဖြေလျက် ကိုယ်တော်ကို ချီးမွမ်းပါမည်။
အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏။ ငါ့ကို ကယ်တင်ခြင်းအကြောင်းသည် အထံတော်က သက်ရောက်ရ၏။
သစ္စာကတိပြုကြလော့။ သင်တို့၏ ဘုရားသခင်ထာဝရဘုရားအား သစ္စာဝတ်ကိုလည်း ဖြေကြလော့။ ကိုယ်တော်၏ပတ်လည်၌နေသော သူအပေါင်းတို့သည် ကြောက်ရွံ့ရိုသေဖွယ်သော ဘုရားထံတော်သို့ လက်ဆောင်ကို ဆောင်ခဲ့ကြစေ။
ယေရုရှလင်မြို့မှာ တဲတော်ရှိ၏။ ဇိအုန်တောင်မှာ ကျိန်းဝပ်လျက် နေတော်မူ၏။