Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 60:7

Judson Bible

ဂိ​လဒ်​ပြည်​ကို ငါ​ပိုင်​ရ၏။ မ​နာ​ရှေ​ပြည်​ကို​လည်း ငါ​ပိုင်​ရ၏။ ဧ​ဖ​ရိမ်​ပြည်​ကား၊ ငါ့​ဦး​ခေါင်း၏​အ​စွမ်း​ဖြစ်​ရ၏။ ယု​ဒ​ပြည်​ကား၊ ငါ၏​လွှတ်​တော်​ဖြစ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။

ထို​မှ​တစ်​ပါး၊ ဒါ​ဝိဒ်​သည် ရှော​လု​ကို စစ်​တိုက်​သွား​သော ဖိ​လိ​တ္တိ​လူ​တို့​နှင့် လိုက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​မင်း​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို​အပ်၍ မိ​မိ​သ​ခင်​ရှော​လု​ဘက်​သို့ ဝင်​စား​မည်​ဟု​တိုင်​ပင်​ပြီး​မှ ပြန်​စေ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် စစ်​မ​ကူ​ဘဲ ဇိ​က​လတ်​မြို့​သို့​သွား​သော​ကာ​လ၊ သူ့​ဘက်​သို့ ဝင်​စား​သော မ​နာ​ရှေ​အ​မျိုး​သား​ဟူ​မူ​ကား၊

ယော်​ဒန်​မြစ်​တစ်​ဖက် ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​ထဲ​က စစ်​တိုက်​လက်​နက်​စုံ အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော​သူ တစ်​သိန်း​နှစ်​သောင်း​တည်း။

သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​တော်​ကို တိုင်​တည်၍၊ ဘု​ရား​သ​ခင်​သည် ဗျာ​ဒိတ်​ထား​တော်​မူ​သော​ကြောင့်၊ ငါ​သည် ဝမ်း​မြောက်​မည်။ ရှေ​ခင်​မြို့​ကို ပိုင်း​ခြား​မည်။ သု​ကုတ်​လယ်​ပြင်​ကို​တိုင်း​ထွာ​မည်။

သူ၏​ဘုန်း​သည် နွား​လား​ဥသ​ဘ​ဘုန်း​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​ဦး​ချို​တို့​သည် ကြံ့​ဦး​ချို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။ ထို​ဦး​ချို​တို့​နှင့် လူ​အ​မျိုး​မျိုး​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် တစ်​ပြိုင်​နက်​ထိုး​ခတ်​လိမ့်​မည်။ ဧ​ဖ​ရိမ်​အ​မျိုး​သား အ​သောင်း​သောင်း၊ မ​နာ​ရှေ​အ​မျိုး​သား အ​ထောင်​ထောင်​ပေ​တည်း။

ဂိ​လဒ်​ပြည်​တစ်​ဝက်၊ ဗာ​ရှန်​ပြည်၌ ဩ​ဃ၏​နိုင်​ငံ​အ​ဝင်၊ အာ​ရှ​တ​ရုတ်​မြို့​နှင့် ဧ​ဒြိ​မြို့​တို့​ကို မ​နာ​ရှေ​သား မာ​ခိ​ရ၏​သား​မြေး​တစ်​ဝက် အ​ဆွေ​အ​မျိုး​အ​လိုက် ပိုင်​ရ​ကြ၏။

ယော​သပ်၏​သား​ဦး​မ​နာ​ရှေ​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​သော မြေ​ဟူ​မူ​ကား၊ မ​နာ​ရှေ၏ သား​တည်း​ဟူ​သော ဂိ​လဒ်၏​အ​ဘ မာ​ခိ​ရ​သည် စစ်​သူ​ရဲ​ဖြစ်၍၊ ဂိ​လဒ်​ပြည်​နှင့် ဗာ​ရှန်​ပြည်​ကို​ရ၏။

ဒါ​ဝိဒ်​က၊ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျွန်​သည် အ​ဘယ်​သို့​ပြု​နိုင်​သည်​ကို ကိုယ်​တော်​သည် သိ​တော်​မူ​လိမ့်​မည်​ဟု လျှောက်​သော်၊ အာ​ခိတ်​မင်း​က၊ သို့​ဖြစ်၍​သင့်​ကို ငါ့​အ​သက်​စောင့် ဗိုလ်​ချုပ်​အ​ရာ၌ ငါ​ခန့်​ထား​မည်​ဟု​ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ