အို အကျွန်ုပ်၏ဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူတို့၏အပေါ်မှာ အကျွန်ုပ်ကို ချီးမြှောက်တော်မူပါ။
ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကို ခံရသောသူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ရန်သူတို့ကိုပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။
အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နုတ်တော်မူပါ။ ကိုယ်တော်ကို ခိုလှုံပါ၏။
ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်တင်၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်မှ ကယ်လွှတ်တော်မူ၏။
ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရဘုရားသည် ကိုယ်တော်စကားကိုနားထောင်၍၊ ယာကုပ်၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေသော။
အိုဘုရားသခင်၊ အကျွန်ုပ်ကိုသနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော်အရိပ်၌ ခိုလှုံပါ၏။
အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။
အကျွန်ုပ်၏ဘုရားသခင်၊ ဆိုးသောသူ၏လက်မှလည်းကောင်း၊ မတရားသောသူနှင့် ကြမ်းတမ်းသောသူ၏ လက်မှလည်းကောင်း အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။
သူသည် ငါ့ကိုချစ်သောကြောင့်၊ သူ့ကို ငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့်၊ သူ့ကို ငါချီးမြှောက်မည်။
ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူအား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။