Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 57:8

Judson Bible

အို​ငါ့​ဝိ​ညာဉ်၊ နိုး​လော့။ တ​ယော​နှင့် စောင်း​တို့ နိုး​ကြ​လော့။ ငါ​လည်း စော​စော​နိုး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

စောင်း၊ တ​ယော၊ တံ​ပိုး​ကို တီး​မှုတ်​လျက်၊ ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့ ရောက်​လာ​ကြ၏။

တံ​ပိုး​မှုတ်​လျက် ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ကြ​လော့။ တ​ယော​နှင့် စောင်း​ကို​တီး​လျက် ချီး​မွမ်း​ကြ​လော့။

ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး၊ ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။

ယ​ခု​ပင် ငါ့​ပတ်​လည်၌​ရှိ​သော ရန်​သူ​တို့၏​အ​ပေါ်​သို့ ငါ၏​ဦး​ခေါင်း​ကို ချီး​မြှောက်​တော်​မူ၏။ ထို​ကြောင့် ဗိ​မာန်​တော်​မှာ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​ပါ​မည်။ သီ​ချင်း​ဆို​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

သို့​ဖြစ်၍ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​သည် တိတ်​ဆိတ်​စွာ​မ​နေ။ ကိုယ်​တော်​ကို သီ​ချင်း​ဆို​ပါ​မည်။ အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို အ​စဉ်​အ​မြဲ​ချီး​မွမ်း​ပါ​မည်။

သို့​ပြု​လျှင် ဘု​ရား​သ​ခင်၏ ယဇ်​ပ​လ္လင်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဝမ်း​မြောက်​ရွှင်​လန်း​ရာ ဘု​ရား​သ​ခင်​ထံ​တော်​သို့​လည်း​ကောင်း အ​ကျွန်ုပ်​သည် ရောက်​လာ၍၊ ကိုယ်​တော်​ကို စောင်း​တီး​လျက် ချီး​မွမ်း​ထော​မ​နာ ပြု​ပါ​မည်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား။

အို ဇိ​အုန်​မြို့၊ နိုး​လော့။ နိုး၍ ခွန်​အား​ကို ယူ​လော့။ အို ယေ​ရု​ရှ​လင်​မြို့​တည်း​ဟူ​သော၊ သန့်​ရှင်း​သော​မြို့၊ သင်၏​တင့်​တယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဝတ်​ဆင်​လော့။ အ​ကြောင်း​မူ​ကား၊ နောက်​တစ်​ဖန် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​သူ​နှင့် ညစ်​ညူး​သော​သူ​တို့​သည် သင်၏​အ​ထဲ​သို့ မ​ဝင်​ရ​ကြ။

ယေ​ရု​ရှ​လင်​မြို့၌ ပြို​ပျက်​ရာ​အ​ရပ်​တို့၊ တ​ညီ​တ​ညွတ်​တည်း သီ​ချင်း​ဆို​သံ​နှင့် ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​ကို ရွေး​နုတ်​တော်​မူ​ပြီ။

ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည် သာ​ယာ​ခြင်း၊ ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။-

နိုး​ပါ၊ နိုး​ပါ၊ ဒေ​ဗော​ရ။ နိုး​ပါ၊ နိုး​ပါ၊ သီ​ချင်း​ဆို​ပါ၊ အို​ဗာ​ရက်၊ ထ​ပါ၊ အ​ဘိ​နောင်​သား၊ သင်​ဖမ်း​ဆီး​ချုပ်​ထား​သော သူ​တို့​ကို ထုတ်​ပြ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ