Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 56:7

Judson Bible

သူ​တို့​သည် မ​တ​ရား​သော​အ​မှု​အား​ဖြင့် လွှတ်​ခြင်း​သို့​ရောက်​ရ​ပါ​မည်​လော။ အို​ဘု​ရား​သ​ခင်၊ ထို​လူ​များ​တို့​ကို အ​မျက်​တော်​ထွက်၍ လှဲ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဒု​စ​ရိုက်​ကို ပြု​သော​သူ​တို့​သည် ထို​အ​ရပ်၌​ပင် လဲ​လျက်​နေ​ရ​ကြ​ပါ၏။ လှဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ တစ်​ဖန်​ထ​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။

မ​တ​ရား​သော​သူ​သည် ဖြောင့်​မတ်​သော​သူ​ကို ချောင်း​မြောင်း၍ သတ်​ခြင်း​ငှာ ရှာ​ကြံ​တတ်၏။

ထို​သူ​တို့​သည် ကိုယ်​ဥ​စ္စာ​ကို ကိုး​စား၍၊ ကိုယ်​စည်း​စိမ်​များ​သော​ကြောင့် ဝါ​ကြွား​သော်​လည်း၊

သူ​တို့​ကို သေ​မင်း​ဖမ်း​ဆီး​ပါ​စေ။ အ​သက်​ရှင်​လျက် မ​ရ​ဏ​နိုင်​ငံ​သို့ ဆင်း​သက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ဒု​စ​ရိုက်​တို့​သည် သူ​တို့​နေ​ရာ​တွင် သူ​တို့​အ​ထဲ၌​ရှိ​ကြ၏။

အို​ဘု​ရား​သ​ခင်၊ အ​ခြား​သော​သူ​တို့​ကို ဖျက်​ဆီး​ရာ​တွင်း​ထဲ​သို့ ချ​တော်​မူ​မည်။ လူ​အ​သက်​ကို သတ်​သော​သူ​နှင့် သ​စ္စာ​ပျက်​သော​သူ​တို့​သည် မိ​မိ​အ​သက်​တာ တစ်​ဝက်​ခန့်​မျှ မ​ရှင်​ရ​ကြ။ အ​ကျွန်ုပ်​မူ​ကား၊ ကိုယ်​တော်၌ ခို​လှုံ​ပါ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​စ​ကား​ကို ပ​ပျောက်​အောင် ကွဲ​ပြား​စေ​တော်​မူ​ပါ။ မြို့​တော်​တွင် အ​နိုင်​အ​ထက်​ပြု​ခြင်း​နှင့် လု​ယူ​ခြင်း​ကို အ​ကျွန်ုပ်​မြင်​ပါ​ပြီ။

အ​ကျွန်ုပ်၌ အ​ပြစ်​မ​ရှိ​ဘဲ သူ​တို့​သည်​ပြေး​လာ၍ ပြင်​ဆင်​ကြ​ပါ၏။ အ​ကျွန်ုပ်​ကို ကူ​မ​ခြင်း​ငှာ နိုး​တော်​မူ​ပါ။ ကြည့်​ရှု​တော်​မူ​ပါ။

နာမ်​ဝိ​ညာဉ်​ကို​အ​စိုး​ရ၍ ချုပ်​ထား​နိုင်​သော​လူ တစ်​ယောက်​မျှ​မ​ရှိ။ သေ​ချိန်​ရောက်​သော​အ​ခါ တန်​ခိုး​မ​ရှိ။ ထို​စစ်​မှု​ထဲ​က ထွက်​စ​ရာ​အ​ခွင့် မ​ရှိ။ ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဒု​စ​ရိုက်​သည် ထို​အ​မှု​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။

သင်​တို့​က၊ ငါ​တို့​သည် သေ​မင်း​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​ကြ​ပြီ။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ကြ​ပြီ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ ငါ​တို့​ရှိ​ရာ​သို့ မ​ရောက်​ရ။ ငါ​တို့​သည် မု​သား​ကို​ကိုး​စား​ကြ၏။ လှည့်​စား​ခြင်း​အောက်၌ ပုန်း​ကွယ်၍ နေ​ကြ၏​ဟု ဆို​တတ်​သော​ကြောင့်၊

ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။

ငါ၏​နာ​မ​ဖြင့်​သ​မုတ်​သော ဤ​အိမ်​တော်၌၊ ငါ့​ရှေ့​မှာ​ဝင်၍ ရပ်​လျက်၊ ဤ​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​သည် ကယ်​နုတ်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို​ခံ​ရ​ပါ​ပြီ​ဟု လျှောက်​ရ​ကြ​မည်​လော။

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ