Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 54:7

Judson Bible

အ​ကျွန်ုပ်​ကို ခပ်​သိမ်း​သော​ဒု​က္ခ​ထဲ​က ကယ်​နုတ်​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် ရန်​သူ​တို့​ကို ကိုယ်​မျက်​စိ​နှင့်​မြင်၍ အား​ရ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​ခပ်​သိမ်း​သော​ဘေး​ဒဏ်​အ​ထဲ​က ကယ်​နုတ်​တော်​မူ​သော ကောင်း​ကင်​တ​မန်​သည်၊ ဤ​သူ​ငယ်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ သူ​တို့​ကို​ငါ့​အ​မည်​ဖြင့်​လည်း​ကောင်း၊ ငါ့​အ​ဘ​အာ​ဗြ​ဟံ​နှင့် ဣ​ဇာက်၏​အ​မည်​ဖြင့်​လည်း​ကောင်း၊ ထပ်၍​မှည့်​ပါ​စေ​သော။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​လွန်​တိုး​ပွား​များ​ပြား​ပါ​စေ​သော​ဟု မြွက်​ဆို၏။

ဒါ​ဝိဒ်​က၊ ငါ့​အ​သက်​ကို ဘေး​ဥ​ပဒ်​အ​ပေါင်း​တို့​မှ ရွေး​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊

သူ၏​စိတ်​နှ​လုံး​သည် မြဲ​မြံ​သည်​ဖြစ်၍၊ ရန်​သူ​တို့၌ အား​မ​ရ​မီ​တိုင်​အောင်၊ ကြောက်​ခြင်း​နှင့် လွတ်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ဘက်၌ မ​စ​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို မုန်း​သော​သူ​တို့၌ ငါ့​အ​လို ပြည့်​စုံ​လိမ့်​မည်။

က​ရု​ဏာ​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကို​ပယ်​ရှင်း၍၊ အ​ကျွန်ုပ်​ကို ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့​ကို ဖျက်​ဆီး​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ကျွန်​ဖြစ်​ပါ၏။

ဖြောင့်​မတ်​သော​သူ​သည် များ​စွာ​သော ဒု​က္ခ​ဆင်း​ရဲ​ကို ခံ​ရ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်၍၊ လမ်း​တော်​ကို လျှောက်​သွား​လော့။ ပြည်​တော်​ကို အ​မွေ​ခံ​ရ​သော​အ​ခွင့်​နှင့် ချီး​မြှောက်​တော်​မူ​မည်။ မ​တ​ရား​သော​သူ​တို့ ဆုံး​ရှုံး​ခြင်း​ကို သင်​သည် ကြည့်​မြင်​ရ​လိမ့်​မည်။

က​ရု​ဏာ​အ​ရှင် ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို ကူ​မ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​မည်။ ရန်​သူ​တို့​ကို အ​ကျွန်ုပ်​ကြည့်​ရှု၍ အား​ရ​သော​အ​ခွင့် ရှိ​စေ​တော်​မူ​မည်။

သင်​သည် ကိုယ်​မျက်​စိ​နှင့်​ကြည့်၍၊ မ​တ​ရား​သော​သူ​တို့၌ ရောက်​ရ​သော​အ​ပြစ်​ကို မြင်​ရုံ​မျှ​သာ​ရှိ​လိမ့်​မည်။

အ​ကျွန်ုပ်၏​ရန်​သူ​တို့​ကို အ​ကျွန်ုပ်​မျက်​စိ​မြင်​လျက်၊ ရန်​ဘက်​ပြု​သော လူ​ဆိုး​တို့​အ​ကြောင်း​ကို နား​ကြား​လျက်၊ အ​ကျွန်ုပ်​သည် အား​ရ​ပါ​လိမ့်​မည်။

ထို​မျှ​မ​က၊ သ​ခင်​ဘု​ရား​သည် မ​ကောင်း​သော အ​မှု​ရှိ​သ​မျှ​တို့မှ ငါ့​ကို​ကယ်​နုတ်၍၊ မိ​မိ​ကောင်း​ကင်​နိုင်​ငံ​တော်​သို့ တိုင်​အောင် မ​စ​ပို့​ဆောင်​တော်​မူ​လိမ့်​မည်။ ထို​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ယ​နေ့ ကိုယ်​တော်​အ​သက်​ကို ကျွန်​တော်​နှ​မြော​သည်​နည်း​တူ ကျွန်​တော်​အ​သက်​ကို ထာ​ဝ​ရ​ဘု​ရား​နှ​မြော၍ ကျွန်​တော်​ကို ခပ်​သိမ်း​သော​ဒု​က္ခ​ထဲ​က ကယ်​နုတ်​တော်​မူ​ပါ​စေ​သော​ဟု ပြန်​လျှောက်​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ