ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။
ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင်သည် ငါတို့၌ပြုသည်အတိုင်း၊ သင်၌ အပြစ်ကို ဆပ်ပေးသောသူသည် မင်္ဂလာရှိ၏။
အိုထာဝရဘုရား၊ အကျွန်ုပ်၏ပတ္ထနာကိုကြား၍၊ ဆုတောင်းသောစကားကို နားထောင်တော်မူပါ။ သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြောတော်မူပါ။
ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ရန်သူတို့ကိုပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။
အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
ထာဝရဘုရား၏သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကို ချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှားသောသူတို့ကိုကား၊ အပြစ်များစွာ ဆပ်ပေးတော်မူသတည်း။
အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာဖြောင့်စေတော်မူပါ။
အို ဘုရားသခင်၊ မာနကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြ၍၊ ကြမ်းတမ်းသော လူအစုအဝေးတို့သည် ကိုယ်တော်ကိုမျက်မှောက်မပြုဘဲ၊ အကျွန်ုပ်အသက်ကို ရှာကြပါ၏။
အို ထာဝရဘုရား၊ သစ္စာတော်နှင့်တကွ ကိုယ်တော်၏ကျွန်ဒါဝိဒ်အား ကျိန်ဆိုတော်မူသော ရှေးကရုဏာတော်သည် အဘယ်မှာရှိပါသနည်း။
သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ရောက်စေတော်မူမည်။ အဓမ္မအမှုကို ပြုစဉ်တွင်ပင် ပယ်ဖြတ်တော်မူမည်။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို ပယ်ဖြတ်တော်မူမည်။
ပန်းတဉ်းသမားအာလေဇန္ဒြုသည် ငါ၌ မကောင်းသော အမှုအများကို ပြုလေပြီ။ ထိုသူကျင့်သော အကျင့်တို့၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော။-
သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ၌ ဆပ်ပေးကြလော့။ သူ၏အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဖို့ နှစ်ဆတိုး၍ လောင်းကြလော့။-