Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 54:4

Judson Bible

ကြည့်​ရှု​လော့။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​ကူ​မ​တော်​မူ၏။ ငါ့​အ​သက်​ကို ထောက်​ပင့်​သော​သူ​တို့​တွင် ထာ​ဝ​ရ​ဘု​ရား ရှိ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ဝိ​ညာဉ်​တော်​သည် ဗိုလ်​ချုပ်​အာ​မ​သဲ​အ​ပေါ်​မှာ သက်​ရောက်၍၊ အို​ဒါ​ဝိဒ်၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်၏​လူ၊ အို​ယေ​ရှဲ၏​သား​တော်၊ ကိုယ်​တော်​ဘက်​သို့ ဝင်​စား​သော​သူ​ဖြစ်​ပါ၏။ ကိုယ်​တော်၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်​ကို​မ​စ​သော​သူ၌ မင်္ဂ​လာ​ရှိ​ပါ​စေ​သော။ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​သည် ကိုယ်​တော်​ကို မ​စ​တော်​မူ​ပါ​စေ​သော​ဟု ပြန်​ပြော​လေ​သော်၊ ဒါ​ဝိဒ်​သည် သူ​တို့​ကို လက်​ခံ၍ ဗိုလ်​အ​ရာ၌ ခန့်​ထား​လေ၏။

သင်​သည် ငါ့​ကို​လှဲ​ခြင်း​ငှာ ပြင်း​ထန်​စွာ တွန်း​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​မ​စ​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ တ​ရား​သော​ဘက်​မှာ​နေ၍ အ​ကျွန်ုပ်​အော်​ဟစ်​ခြင်း​ကို​မှတ်​တော်​မူ​ပါ။ မ​လှည့်​စား​တတ်​သော​နှုတ်​နှင့် ဆု​တောင်း​သော​ပ​တ္ထ​နာ​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို အ​ကျွန်ုပ်​စုံ​လင်​ခြင်း​အ​ရာ၌​မ​စ၍၊ ကာ​လ​အ​စဉ်​အ​ဆက် ရှေ့​တော်​ထဲ​မှာ နေ​ရာ​ပေး​တော်​မူ​လ​တ္တံ့။

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

ငါ​ထောက်​မ​သော ငါ့​ကျွန်​ရင်း၊ ငါ​နှစ်​သက်​မြတ်​နိုး​ရာ ငါ​ရွေး​ချယ်​သော​သူ​ကို ကြည့်​ရှု​လော့။ ထို​သူ၏​အ​ပေါ်၌ ငါ့​ဝိ​ညာဉ်​ကို ငါ​တည်​စေ​မည်။ သူ​သည် လူ​အ​မျိုး​မျိုး​တို့​ကို တ​ရား​ပေး​လိမ့်​မည်။

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မ​စ​တော်​မူ​သည်​ဖြစ်၍၊ လူ​သည် ငါ၌​ပြု​နိုင်​သ​မျှ​ကို ငါ​မ​ကြောက်​ဟု၊ ငါ​တို့​သည် ရဲ​ရင့်​သော​စိတ်​နှင့် ပြော​ဆို​ရ​သော​အ​ခွင့် ရှိ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ