Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 53:4

Judson Bible

မုန့်​ကို​စား​သ​ကဲ့​သို့ ငါ၏​လူ​တို့​ကို​ကိုက်​စား၍၊ ဘု​ရား​သ​ခင်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​ဓ​မ္မ​လူ​တို့​သည် မ​သိ​ဘဲ​နေ​ရ​ကြ​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို​အ​ငြိုး​ထား​သော ရန်​သူ​လူ​ဆိုး​တို့​သည်၊ ငါ့​အ​သား​ကို​ကိုက်​စား​မည်​ဟု လာ​ကြ​သော​အ​ခါ၊ ခြေ​တိုက်​မိ၍​လဲ​ကြ၏။

တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​တို့၊ နား​လည်​ကြ​လော့။ လူ​မိုက်​တို့၊ အ​ဘယ်​ကာ​လ​မှ ပ​ညာ​သ​တိ​ကို ရ​ကြ​လိမ့်​မည်​နည်း။

အ​ခက်​အ​လက်​တို့​သည် သွေ့​ခြောက်​သော​အ​ခါ ချိုး​ခြင်း​သို့​ရောက်၍၊ မိန်း​မ​တို့​သည် လာ၍ မီး​ရှို့​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ပ​ညာ​မဲ့​သော​အ​မျိုး​ဖြစ်၏။ ထို​ကြောင့်၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော​သူ​သည် မ​သ​နား၊ ကျေး​ဇူး​မ​ပြု​ဘဲ နေ​တော်​မူ​လိမ့်​မည်။

ကိုယ်​တော်​ကို​မ​သိ​သော တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ နာ​မ​တော်​ကို ပ​တ္ထ​နာ​မ​ပြု​သော အ​မျိုး​အ​နွယ်​တို့ အ​ပေါ်​သို့​လည်း​ကောင်း အ​မျက်​တော်​ကို သွန်း​လောင်း​တော်​မူ​ပါ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ယာ​ကုပ်​အ​မျိုး​ကို အ​ကုန်​အ​စင်​ကိုက်​စား၍၊ သူ၏​နေ​ရာ​ကို သုတ်​သင်​ပယ်​ရှား​ကြ​ပါ​ပြီ။

အ​ကယ်​စင်​စစ် ငါ၏​လူ​တို့​သည် ထိုင်း​မှိုင်း၍ ငါ့​ကို​မ​သိ​ကြ။ မိုက်​သော​သူ​ငယ်​ဖြစ်၍ ဉာဏ်​မ​ရှိ​ကြ။ မ​ကောင်း​သော​အ​မှု​တို့၌ လိ​မ္မာ​ကြ၏။ ကောင်း​သော​အ​မှု​တို့​ကို မ​ပြု​တတ်​ကြ။

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ