Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 53:1

Judson Bible

ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည်​ထင်​တတ်၏။ ထို​သို့​သော သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း၍ စက်​ဆုပ်​ဖွယ်​သော ဒု​စ​ရိုက်​ကို ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ယေ​ရော​ဗောင်​က၊ ဤ​နိုင်​ငံ​သည် ဒါ​ဝိဒ်​မင်း​မျိုး​လက်​သို့ ပြန်​ကောင်း​ပြန်​လိမ့်​မည်။

ယု​ဒ​ပြည်၌ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​များ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော ပြည်​သား​မျိုး​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြ​သည်​တ​ကား။

မ​သန့်​ရှင်း​သော​အ​ရာ​ထဲ​က သန့်​ရှင်း​သော​အ​ရာ​ကို အ​ဘယ်​သူ ထုတ်​ဖော်​နိုင်​သ​နည်း။ အ​ဘယ်​သူ​မျှ မ​ထုတ်​မ​ဖော်​နိုင်​ပါ။

သို့​ဖြစ်​လျှင်၊ ရေ​ကို​သောက်​သ​ကဲ့​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သောက်​လျက်၊ ဆိုး​ညစ်​ရွံ​ရှာ​ဖွယ်​သော လူ​သ​တ္တ​ဝါ၌ အ​ဘယ်​ဆို​ဖွယ်​ရှိ​သ​နည်း။

ထို​သူ​က၊ ဘု​ရား​သ​ခင်​သည် မေ့​လျော့​တော်​မူ၏။ မျက်​နှာ​ကို လွှဲ​တော်​မူ၏။ မြင်​တော်​မ​မူ​ဟု အောက်​မေ့​တတ်​ပါ၏။

မ​တ​ရား​သော​သူ​သည် ဘု​ရား​သ​ခင်​ကို အ​ဘယ်​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​ရ​ပါ​အံ့​နည်း။ ကိုယ်​တော်​သည် စစ်​တော်​မ​မူ​ဟု အ​ဘယ်​ကြောင့် အောက်​မေ့​ရ​ပါ​အံ့​နည်း။

မ​တ​ရား​သော​သူ​သည် မာ​န​ထောင်​လွှား​သော​ကြောင့်၊ မ​စဉ်း​စား​တတ်​ပါ။ ဘု​ရား​သ​ခင်​မ​ရှိ​ဟု အ​စဉ် အောက်​မေ့​တတ်​ပါ၏။

ငါ​သည် အ​စဉ်​မ​ရွေ့​ရ၊ ဆင်း​ရဲ​ခြင်း​သို့ မ​ရောက်​ရ​ဟု အောက်​မေ့​တတ်​ပါ၏။

အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ နေ့​ည​မ​ပြတ် အော်​ဟစ်​ပါ၏။

တိ​ရ​စ္ဆာန်​သ​ဘော​ရှိ​သော​သူ​မ​သိ၊ မိုက်​သော​သူ နား​မ​လည်​သော​အ​မှု​အ​ရာ​ဟူ​မူ​ကား၊

သို့​ရာ​တွင်၊ သင်​သည် သူ​တို့​ထုံး​စံ​ကို​မ​လိုက်၊ သူ​တို့​ပြု​သော ရွံ​ရှာ​ဖွယ်​အ​မှု​မျှ​သာ ပြု​သည်​မ​ဟုတ်၊ ထို​အ​မှု​ကို သာ​မ​ည​အ​မှု​ဟူ၍ ထင်​မှတ်​သ​ဖြင့်၊ သင်​သည်​အ​ရာ​ရာ၌ သူ​တို့​ထက်​သာ၍ ဆိုး​ညစ်​ပေ၏။

ရှ​မာ​ရိ​သည်​လည်း၊ သင်​ပြု​မိ​သော ဒု​စ​ရိုက်​တစ်​ဝက်​ကို​မျှ​မ​ပြု​မိ။ သင်​မူ​ကား၊ ညီ​အစ်​မ​တို့၏​အ​ပြစ်​ကို မ​ထင်​ရှား​စေ​သည်​တိုင်​အောင်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို သူ​တို့​ထက်​မ​က များ​ပြား​စွာ​ပြု​လေ​ပြီ​တ​ကား။

ငါ​ပ​ညတ်​သည်​ကား၊ ညီ​အစ်​ကို​ကို အ​ထောက်​မ​တန် အ​မျက်​ထွက်​သော​သူ​သည် ရုံး၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကဲ့​ရဲ့​သော​သူ​သည် လွှတ်​တော်၌​အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ပေ၏။ ညီ​အစ်​ကို​ကို ကျိန်​ဆဲ​သော​သူ​သည် ဂေ​ဟင်္နာ​အ​ရပ် ၌ မီး​ရှို့ ခြင်း​ကို ခံ​ထိုက်​ပေ၏။-

ထို​သို့ အ​ကြံ​ရှိ​စဉ်​တွင် ဘု​ရား​သ​ခင်​က၊ အ​ချင်း​လူ​မိုက်၊ ယ​နေ့​ည​ပင် သင်၏​ဝိ​ညာဉ်​ကို ရုပ်​သိမ်း​ရာ​အ​ချိန် ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ သင်​သည် ပြင်​ဆင်​သို​ထား​သော ဥ​စ္စာ​ကို အ​ဘယ်​သူ​ပိုင်​မည်​နည်း​ဟု သူ​ဌေး​အား မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​လျက်​ပင်၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သင့်​သည်​အ​တိုင်း မ​ချီး​မွမ်း၊ ကျေး​ဇူး​တော်​ကို​လည်း မ​သိ​မ​မှတ်၊ အ​ချည်း​နှီး​တွေး​ဆ​ခြင်း၊ သ​တိ​မ​ရှိ​သော​စိတ်​နှ​လုံး​မိုက်​မဲ​ခြင်း​သို့ ရောက်​ကြ၏။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​မ​မှတ်​လို​သည်​ဖြစ်၍၊ မ​လျောက်​ပတ်​သော အ​မှု​ကို ပြု​စေ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို မော​ဟ​လက်​သို့ အပ်​လိုက်​တော်​မူ​သည်​နှင့်​အ​ညီ၊-

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆိတ်​ကွယ်​ရာ၌ ပြု​သော​အ​မှု​အ​ရာ​တို့​ကို စ​ကား​ပြော​ကာ​မျှ၌ ညစ်​ညူး​ခြင်း ပါ​သေး၏။-

သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သင်​မ​ပြု​ရ။ သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​ဘု​ရား၌ ပြု​ကြ​ပြီ။ ကိုယ်​သား​သ​မီး​ကို​ပင် သူ​တို့​ဘု​ရား​အား​ဝတ်​ပြု၍ မီး​ရှို့​ကြ​ပြီ။

သာ​သ​နာ​ပ​လူ​တို့၏ အ​လို​သို့​လိုက်၍၊ ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ ကာ​မ​တပ်​မက်​ခြင်း၊ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း၊ ပွဲ​လုပ်​ခြင်း၊ သောက်​ကြူး​ခြင်း၊ အ​ဓ​မ္မ​ရုပ်​တု​ကို ကိုး​ကွယ်​ခြင်း၌ ကျင်​လည်၍၊ ငါ​တို့​လွန်​စေ​ပြီး​သော အ​သက်​ကာ​လ​သည် ငါ​တို့​အား လောက်​ပေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ