အို လှည့်စားတတ်သောလျှာ၊ သင်သည် ပျက်စီးသောစကားရှိသမျှတို့ကို နှစ်သက်တတ်၏။
အို လှည့်စားတတ်သောလျှာ၊ သင်သည် အဘယ်ကျေးဇူးရှိသနည်း။ အဘယ်အကျိုးကို ခံရသနည်း။
အိုထာဝရဘုရား၊ မတရားသောသူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ ကွယ်ကာစောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ်ကိုလှဲခြင်းငှာ ကြံစည်ကြပါ၏။
သင်၏နှုတ်ကိုဒုစရိုက်၌အပ်နှံ၍၊ သင်၏လျှာဖြင့် မုသားကို စီရင်တတ်၏။