Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 52:3

Judson Bible

သင်​သည် သု​စ​ရိုက်​ထက် ဒု​စ​ရိုက်​ကို​လည်း​ကောင်း၊ ဖြောင့်​မတ်​သော​စ​ကား​ထက် မု​သား​စ​ကား​ကို​လည်း​ကောင်း သာ၍​နှစ်​သက်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ကို မြင့်​သော​အ​ရပ်​က လှဲ​ခြင်း​ငှာ ကြံ​စည်​လျက်​နေ​ကြ၏။ မု​သား​ကို​နှစ်​သက်​ကြ၏။ နှုတ်​ဖြင့်​ကား၊ ကောင်း​ချီး​ကို​ပေး​လျက်၊ နှ​လုံး၌​ကား၊ ကျိန်​ဆဲ​ခြင်း​ကို ပြု​တတ်​ကြ၏။

မ​တ​ရား​သော​သူ​သည် မ​နာ​လို​သော​စိတ်​ရှိ၏။ အိမ်​နီး​ချင်း၌ ကျေး​ဇူး​ပြု​ချင်​သော​အ​လို​မ​ရှိ။

အ​ကယ်​စင်​စစ် ငါ၏​လူ​တို့​သည် ထိုင်း​မှိုင်း၍ ငါ့​ကို​မ​သိ​ကြ။ မိုက်​သော​သူ​ငယ်​ဖြစ်၍ ဉာဏ်​မ​ရှိ​ကြ။ မ​ကောင်း​သော​အ​မှု​တို့၌ လိ​မ္မာ​ကြ၏။ ကောင်း​သော​အ​မှု​တို့​ကို မ​ပြု​တတ်​ကြ။

သူ​တို့​လျှာ​သည် သေ​စေ​တတ်​သော​မြား ဖြစ်၏။ ပ​ရိ​ယာယ်​စ​ကား​ကို ပြော​တတ်၏။ အ​ပေါင်း​အ​ဖော်​ချင်း​တို့​သည် နှုတ်​ဖြင့် လော​က​ဝတ်​စ​ကား​ကို​ပြော၍၊ နှ​လုံး​ဖြင့် ချောင်း​မြောင်း​တတ်​ကြ၏။

သု​စ​ရိုက်​ကို​မုန်း၍ ဒု​စ​ရိုက်​ကို​နှစ်​သက်​လျက်၊ သူ​တစ်​ပါး​အ​ရေ​ကို​လည်း​ကောင်း၊ အ​ရိုး၌​ကပ်​သော အ​သား​ကို​လည်း​ကောင်း ဆွဲ​ယူ​လျက်၊

သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-

သူ​တို့​သည် မှန်​သော​ဘု​ရား​သ​ခင့်​အ​ရာ၌ အ​မှား​ကို​ထား​လျက်၊ ဖန်​ဆင်း​တတ်​သော သ​ခင်​ကို​ပယ်၍ ဖန်​ဆင်း​အပ်​သော​အ​ရာ​ကို ဝတ်​ပြု​ကိုး​ကွယ်​သော​သူ ဖြစ်​ကြ၏။ ထို​သ​ခင်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ၏။ အာ​မင်။-

သ​စ္စာ​ကို​ဖျက်​တတ်​သော​သူ၊ သ​တိ​ပေး​ခြင်း​ကို မ​ခံ​သော​သူ၊ မာန်​မ​န​နှင့်​ယစ်​မူး​သော​သူ၊ ဘု​ရား​သ​ခင်​ကို နှစ်​သက်​သည်​ထက် ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​ကို​သာ၍ နှစ်​သက်​သော​သူ၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ယောင်​ဆောင်၍၊-

ပြင်၌​ကား၊ ခွေး​ဖြစ်​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ ရုပ်​ထု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​ခြင်း​ကို​နှစ်​သက်၍ ပြု​သော​သူ​အ​ပေါင်း​တို့​သည် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ