Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 50:10

Judson Bible

တော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​နှင့် တစ်​ထောင်​သော တောင်​ပေါ်​မှာ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် ငါ၏​ဥ​စ္စာ ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်၊ မိုး​ကောင်း​ကင်​ငှက်​အ​ပေါင်း​တို့​ကို မြေ​ဖြင့်​ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ လူ​သည် အ​ဘယ်​သို့​ခေါ်​ဝေါ်​သ​မုတ်​မည်​ကို​သိ​ခြင်း​ငှာ၊ လူ​ရှိ​ရာ​သို့​ဆောင်​ခဲ့​တော်​မူ၏။ လူ​သည်​လည်း အ​သက်​ရှင်​သော​သ​တ္တ​ဝါ​အ​ပေါင်း​တို့​ကို ခေါ်​ဝေါ်​သ​မုတ်​သည်​အ​တိုင်း၊ နာ​မည်​အ​သီး​အ​သီး​ရှိ​ကြ​၏။

ထို​သို့​ဘု​ရား​သ​ခင်​သည်၊ သင်​တို့​အ​ဘ၏​တိ​ရ​စ္ဆာန်​တို့​ကို​နုတ်၍ ငါ့​အား​ပေး​တော်​မူ​ပြီ။

သင်​ထံ​မှာ အ​သက်​ရှင်​သော တိ​ရ​စ္ဆာန်၊ ငှက်​များ၊ သား​များ၊ မြေ​ပေါ်၌​တွား​တတ်​သော​တိ​ရ​စ္ဆာန်​များ​တို့​သည်၊ မြေ​ပေါ်​မှာ​သား​ကို​မွေး၍ အ​လွန်​တိုး​ပွား​များ​ပြား​မည်​အ​ကြောင်း၊ ထို​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​ကို ကိုယ်​နှင့်​အ​တူ ထုတ်​ဆောင်​လော့​ဟု၊ နော​ဧ​ကို​မိန့်​တော်​မူ၏။

တိ​ရ​စ္ဆာန်​ဖို့ မြက်​ပင်​ကို​လည်း​ကောင်း၊ လူ​သုံး​ဖို့ စ​ပါး​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ထဲ​က မုန့်​ကို​ထုတ်​ဖော်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​နှင့် မြေ​ကြီး​တန်​ဆာ​ကို​လည်း​ကောင်း၊ လော​က​ဓာတ်​နှင့် လော​က​သား​တို့​ကို​လည်း​ကောင်း၊ ပိုင်​တော်​မူ၏။

လူ​နေ​ရာ​ရှိ​သ​မျှ​တို့​နှင့် မြေ​ကြီး​သား တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို ကိုယ်​တော်​လက်၌ အပ်​ပေး၍၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ရှိ​တော်​မူ၏။ ကိုယ်​တော်​သည် ရုပ်​တု၏ ရွှေ​ဦး​ခေါင်း​ဖြစ်​တော်​မူ၏။

ငါ​သည် များ​စွာ​သော တိ​ရ​စ္ဆာန်​တို့​ကို မ​ဆို၊ ကိုယ်​လက်​ယာ​လက်​နှင့် လက်​ဝဲ​လက်​ကို​မျှ ပိုင်း​ခြား၍ မ​သိ​သော သူ​တစ်​သိန်း​နှစ်​သောင်း​မ​က၊ လူ​များ​သော နိ​နေ​ဝေ​မြို့​ကြီး​ကို ငါ​နှ​မြော​သင့်​သည် မ​ဟုတ်​လော​ဟု မိန့်​တော်​မူ၏။ ပ​ရော​ဖက်​ယော​န၏​ဝ​တ္ထု​ပြီး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ