Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 5:4

Judson Bible

ကိုယ်​တော်​သည် မ​တ​ရား​သော​အ​မှု​ကို နှစ်​သက်​သော​ဘု​ရား မ​ဟုတ်။ ဆိုး​သော​သူ​ကို လက်​ခံ​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

လှည့်​စား​တတ်​သော​သူ​မူ​ကား၊ ငါ့​အိမ်၌​မ​နေ​ရ။ မု​သား​စ​ကား​ကို ပြော​တတ်​သော​သူ​သည်​လည်း၊ ငါ့​မျက်​မှောက်၌ အ​ခွင့်​မ​ရှိ​ရ။

ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​ကို စုံ​စမ်း​တော်​မူ၏။ မ​တ​ရား​သော​သူ​နှင့် လု​ယူ​ဖျက်​ဆီး​လို​သော​သူ​ကို ဝိ​ညာဉ်​တော်​သည် မုန်း​တော်​မူ၏။

အ​ကယ်​စင်​စစ်​တ​ရား​သော​သူ​တို့​သည် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။ သ​ဘော​ဖြောင့်​သော​သူ​တို့​သည် အ​ထံ​တော်၌ နေ​ရ​ကြ​ပါ​လိမ့်​မည်။

ထို​သို့​ကျင့်၍ ငါ​သည်​တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ ငါ့​ကို သင်​နှင့်​တူ​သည်​ဟု ထင်​လေ​ပြီ​တ​ကား။ သင်၏​အ​ပြစ်​ကို ငါ​ဖော်​ပြ၍၊ သင့်​မျက်​မှောက်၌ ခင်း​ထား​မည်။

ဘုန်း​တန်​ခိုး အာ​နု​ဘော်​တော်​ကို​မြင်​ခြင်း​ငှာ၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ ထို​သို့ ကိုယ်​တော်​ကို ဖူး​မျှော်​ပါ​ပြီ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို အ​ဘယ်​ကြောင့် ပယ်​တော်​မူ​သ​နည်း။ မျက်​နှာ​တော်​ကို အ​ကျွန်ုပ်​မှ အ​ဘယ်​ကြောင့် လွှဲ​တော်​မူ​သ​နည်း။

ထို​သို့​သော​အား​ဖြင့် ငါ၏​ကျောက်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​တော်​မူ၍၊ မ​တ​ရား​သော​အ​မှု​နှင့် ကင်း​လွတ်​တော်​မူ​သည်​ဟု ထင်​ရှား​လိမ့်​သ​တည်း။

မ​တ​ရား​သော​အ​ကြံ​ကို မင်း၏​အ​ခွင့်​နှင့် ပြု​စု​တတ်​သော အ​ဓ​မ္မ​ရာ​ဇ​ပ​လ္လင်​သည် ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ပါ​မည်​လော။

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​နား​တော်​ငြီး​သည်​တိုင်​အောင် စ​ကား​များ​ကြ၏။ နား​တော်​ငြီး​သည်​တိုင်​အောင် အ​ဘယ်​သို့ ပြု​မိ​သ​နည်း​ဟု မေး​သော်၊ ဒု​စ​ရိုက်​ကို​ပြု​သော​သူ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း၏။ ထို​သို့​သော​သူ​တို့​ကို နှစ်​သက်​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကား၊ အ​ဘယ်​မှာ​ရှိ​သ​နည်း ဟူ၍​လည်း​ကောင်း ဆို​တတ်​ကြ​သည်​တ​ကား။

ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။-

လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။-

ယ​ခု​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျက်​ရ​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်​နေ​ရာ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​တို့​သည် က​တိ​တော်​နှင့်​အ​ညီ မျှော်​လ​င့်​ကြ၏။

ထို​မြို့​သည် နေ၏​အ​ရောင်၊ လ၏​အ​ရောင်​ကို အ​လို​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​သည် ထို​မြို့​ကို လင်း​စေ၏။ သိုး​သ​ငယ်​သည်​လည်း ထို​မြို့၏ ဆီ​မီး​ဖြစ်၏။-

ညစ်​ညူး​သော​အ​ရာ၊ စက်​ဆုပ်​ဖွယ်​သော​အ​ရာ၊ သ​စ္စာ​ပျက်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ဝင်​ရ​ဘဲ၊ သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ စာ​ရင်း​ဝင်​သော သူ​တို့​သာ​လျှင် ဝင်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ