အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော်ကို မျက်မှောက်ပြု၍ မျှော်လင့်ပါမည်။
ထိုသို့ပြုသောကြောင့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊ ညှဉ်းဆဲခံရသောသူ၏ ငိုကြွေးသံကို ကြားတော်မူရ၏။
မိုးမလင်းမီ အကျွန်ုပ် အော်ဟစ်တတ်ပါ၏။ နှုတ်ကပတ်တော်ကို မျှော်လင့်လျက်နေပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏စကားသံကိုကြား၍၊ အကျွန်ုပ် ဆုတောင်းပတ္ထနာပြုသံကို နားညောင်းတော်မူပါ။
နံနက်ကိုမျှော်လင့်သော သူတို့ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကိုမျှော်လင့်လျက်နေ၏။
အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းချီးပေးပါမည်။
အကျွန်ုပ်ဘုရား၊ နေ့အခါ အကျွန်ုပ်အော်ဟစ်သော်လည်း၊ ကိုယ်တော်သည် နားမထောင်ပါ။ ညအခါ အော်ဟစ်သော်လည်း သက်သာခြင်းသို့ မရောက်ပါ။
ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူများကို တွန်းချကြပါစေသော။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့် နင်းရသောအခွင့် ရှိကြပါစေသော။
ညဉ့်ဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည်ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော်မူမည်။
အိုထာဝရဘုရား၊ ကျေးဇူးပြုချင်သော စေတနာတော်သည် ကောင်းမွန်သောကြောင့်၊ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ စုံမက်တော်မူခြင်းကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်ကို မျက်နှာပြတော်မူပါ။
အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ပြုသော ငါတို့၏ရှင်ဘုရင် ဖြစ်တော်မူ၏။
အိမ်တော်၌နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ် ချီးမွမ်းကြပါလိမ့်မည်။
အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ နံနက်အချိန်၌ အကျွန်ုပ်၏ပတ္ထနာသည် ရှေ့တော်သို့ရောက်ပါ၏။
ညအခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ်တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ်မှာ အမှုကိုစစ်ကြောစီရင်တော်မူသောအခါ၊ လောကီသားတို့သည် တရားကိုသင်ကြ၏။
အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။
နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်းတော်မူ၏။-