အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။
သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ယနေ့ကြွေးကြော်လျက် ပတ္ထနာပြု၍ တောင်းလျှောက်သောစကားကို နားခံနာယူတော်မူပါ။
ထာဝရဘုရားသည် ကာလအစဉ်အမြဲတည်သောရှင်ဘုရင်ဖြစ်တော်မူ၍၊ တစ်ပါးအမျိုးသားတို့သည် နိုင်ငံတော်ထဲက ကွယ်ပျောက်ကြပါလိမ့်မည်။
အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို ချီးမြှောက်ပါမည်။ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းချီးပေးပါမည်။
ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။
အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ရှင်ဘုရင် ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်းအကြောင်းကို စီရင်တော်မူပါ။
ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။
အကယ်စင်စစ် ဘုရားသခင်သည် ရှေးကာလမှစ၍၊ ကယ်တင်တော်မူခြင်းကို မြေအလယ်၌ပြုသော ငါတို့၏ရှင်ဘုရင် ဖြစ်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကယ်စင်စစ် ယဇ်ပလ္လင်တော်တို့အနားမှာ စာငှက်သည် နေရာအရပ်ကိုလည်းကောင်း၊ ဇရက်သည်လည်း သားငယ်မွေးစရာ အသိုက်ကိုလည်းကောင်း တွေ့ရပါ၏။
အကြောင်းမူကား၊ ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ပညတ်တရားရှင် ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ ရှင်ဘုရင်ဖြစ်၍၊ ငါတို့ကို ကယ်တင်တော်မူလိမ့်မည်။
အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။