Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 48:8

Judson Bible

ငါ​တို့​သည် ကြား​ဖူး​သည်​အ​တိုင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​မြို့၊ ငါ​တို့​ဘု​ရား​သ​ခင်၏​မြို့​တော်၌ တွေ့​မြင်​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် မြို့​တော်​ကို အ​စဉ်​အ​မြဲ တည်​စေ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​သား အာ​ခ​ဇိ​က၊ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့် သင်္ဘော​စီး​ပါ​စေ​ဟု ယော​ရှ​ဖတ်၌ အ​ခွင့်​တောင်း၍ ယော​ရှ​ဖတ်​သည် အ​ခွင့်​ပေး၏။ သို့​သော်​လည်း သင်္ဘော​တို့​သည် ဧ​ဇ​ယုန်​ဂါ​ဗာ​မြို့​မှာ ကျိုး​ပဲ့​သော​ကြောင့်၊ ဩ​ဖိ​ရ​မြို့​သို့ မ​သွား​ရ။

ထို​မြို့​သည် ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​ဖြစ်၍ တုန်​လှုပ်​ခြင်း​မ​ရှိ​ရာ။ မိုး​သောက်​လင်း​စ၌ ဘု​ရား​သ​ခင် ကူ​မ​တော်​မူ​လိမ့်​မည်။

ဇိ​အုန်​မြို့​ကို​လည်း လူ​အ​မျိုး​မျိုး​တို့​သည်၊ ထို​မြို့၌ ဖွား​မြင်​ကြ​ပြီ။ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် ထို​မြို့​ကို ကိုယ်​တော်​တိုင် မြဲ​မြံ​စေ​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​လိမ့်​မည်။

နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည် သော​တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော​လူ​မျိုး​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။

အ​သက်​ရှင်​သော​သူ၊ အ​သက်​ရှင်​သော​သူ​သာ​လျှင်၊ ယ​နေ့​အ​ကျွန်ုပ်​ပြု​သ​ကဲ့​သို့၊ ဂုဏ်​တော်​ကို ချီး​မွမ်း​ရ​ပါ​လိမ့်​မည်။ အ​ဘ​သည် သား​တို့​အား သ​စ္စာ​တော်​ကို ဖော်​ပြ​ရ​ပါ​လိမ့်​မည်။

ယ​ခု​မူ​ကား၊ သင်၏​တက်​ခတ်​သား​တို့​သည် သင့်​ကို ကြီး​စွာ​သော​ရေ​ထဲ​သို့ ဆောင်​သွား၍၊ အ​ရှေ့​လေ​သည်​လည်း ပင်​လယ်​အ​လယ်၌ ချိုး​လေ​ပြီ။

နောက်​ဆုံး​သော​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တည်​သော တောင်​သည် တောင်​ကြီး​တောင်​ငယ်​တို့၏ ထိပ်​ပေါ်​မှာ ချီး​မြှောက်၍ တည်​လိမ့်​မည်။ ခပ်​သိမ်း​သော လူ​စု​တို့​သည် ထို​တောင်​သို့ စည်း​ဝေး​ကြ​လိမ့်​မည်။

ငါ​ဆို​သည်​ကား၊ သင်​သည် ပေ​တ​ရု​ဖြစ်၏။ ဤ​ကျောက်​ပေါ်​မှာ ငါ့​အ​သင်း​ကို ငါ​တည်​ဆောက်​မည်။ ထို​အ​သင်း​ကို မ​ရ​ဏ​နိုင်​ငံ၏ တံ​ခါး​တို့​သည် မ​နိုင်​ရာ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ