Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 48:13

Judson Bible

ရင်​တား​တို့​ကို​မှတ်၍ ဘုံ​ဗိ​မာန်​များ​ကို​လည်း ဆင်​ခြင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်၏​မြို့​ရိုး​အ​တွင်း၌ ငြိမ်​ဝပ်​ခြင်း၊ သင်၏​ဘုံ​ဗိ​မာန်​တို့၌ ချမ်း​သာ​ခြင်း ရှိ​ပါ​စေ​သော။

တစ်​ဖန်​တုံ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​သက်​ကြီး၍ ဆံ​ပင်​ဖြူ​သည်​ကာ​လ​တိုင်​အောင်၊ ယ​ခု​လူ​များ​တို့​အား ကိုယ်​တော်၏​အ​စွမ်း​သ​တ္တိ​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော​သူ​အ​ပေါင်း​တို့​အား တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​မ​ပြ​မီ​တွင်၊ အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

ငါ​တို့​ပွဲ​ခံ​ရာ​မြို့၊ ဇိ​အုန်​မြို့​ကို ကြည့်​ရှု​လော့။ တိုင်​တစ်​ခု​မျှ​မ​ရွှေ့၊ ကြိုး​တစ်​ခု​မျှ​မ​ပြတ်၊ အ​လျှင်း​မ​ပျက်​ရ​သော တဲ​တည်း​ဟူ​သော၊ ငြိမ်​ဝပ်​သော​နေ​ရာ ယေ​ရု​ရှ​လင်​မြို့​ကို ကိုယ်​မျက်​စိ​နှင့် မြင်​ရ​လိမ့်​မည်။

သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

အ​ချင်း​ဆိုး​ယုတ်​သော အ​ဓ​မ္မ​ဣ​သ​ရေ​လ​မင်း​သား၊ အ​ဓ​မ္မ​အ​မှု​ကြောင့် ဆုံး​ရှုံး​ရ​သော​ကာ​လ​ရောက်​သော​အ​ခါ၊ သင်၏​အ​ချိန်​ကာ​လ​သည် ရောက်​လိမ့်​မည်။

ကိုယ်​သား​တို့​အား ပြော​ကြ​လော့။ သူ​တို့​သည် သူ​တို့​သား​တို့​အား ပြော​ကြ​စေ။ သူ​တို့​သား​တို့​သည်​လည်း ဆက်​နွယ်​သော အ​ခြား​သူ​တို့​အား ပြော​ကြ​စေ။

ကျန်​ကြွင်း​ရစ်​သော ဧ​ဒုံ​အ​မျိုး​သား​မှ​စ၍ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သိမ်း​ယူ​စေ​ခြင်း​ငှာ၊

ထို​စ​ကား​ကို သင်​တို့​သည် အိမ်၌​ထိုင်​လျက်​နေ​သည်​ဖြစ်​စေ၊ ခ​ရီး​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်​ထ​လျက်​ရှိ​သည်​ဖြစ်​စေ ဟော​ပြော၍၊ သား​သ​မီး​တို့​အား သွန်​သင်​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ