Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 43:2

Judson Bible

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ ဘု​ရား​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်​ကို​အ​ဘယ်​ကြောင့် စွန့်​ပစ်​တော်​မူ​သ​နည်း။ ရန်​သူ​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ အ​ကျွန်ုပ်​သည် ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

အို​ဘု​ရား​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ကယ်​တင်​ခြင်း​အ​စွမ်း​သ​တ္တိ ဖြစ်​တော်​မူ၏။ စစ်​တိုက်​ရ​သော​နေ့၌ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ဖုံး​အုပ်​တော်​မူ၏။

ငါ​တောင်း​လျှောက်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ခွန်​အား​ဗ​လ၊ ငါ၏ အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ၏။ ငါ့​နှ​လုံး​သည် ထို​ဘု​ရား​ကို ကိုး​စား၍၊ ငါ့​ကို​စောင့်​မ​တော်​မူ​သော​ကြောင့်၊ ငါ့​နှ​လုံး​သည်​ရွှင်​လန်း​လျက်​ရှိ၏။ သီ​ချင်း​ဆို​လျက် ဂုဏ်​တော်​ကို​ငါ​ချီး​မွမ်း​မည်။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။ ထို​ကြောင့် အ​ကျွန်ုပ်​အ​ဖို့​ဝှက်​ထား​သော ကျော့​ကွင်း​ထဲ​က အ​ကျွန်ုပ်​ကို နုတ်​ယူ​တော်​မူ​ပါ။

ငါ့​ရန်​သူ​တို့​က၊ သင်၏​ဘု​ရား​သ​ခင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု ငါ့​ကို​အ​စဉ်​ပြော​ဆို​ကြ​သ​ဖြင့်၊ ငါ့​အ​ရိုး​တို့​ကို ချိုး၍​ကဲ့​ရဲ့​တတ်​ကြ၏။

အ​ကျွန်ုပ်​ကို အ​ဘယ်​ကြောင့် မေ့​လျော့​တော်​မူ​သ​နည်း။ ရန်​သူ​ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​ရ၍၊ အ​ကျွန်ုပ်​သည် ကြမ်း​တမ်း​သော​အ​ဝတ်​ကို ဝတ်​လျက် အ​ဘယ်​ကြောင့် နေ​ရ​ပါ​သ​နည်း​ဟု ငါ၏​ကျောက်​ဖြစ်​သော ဘု​ရား​သ​ခင်​ကို ငါ​လျှောက်​ရ၏။

သို့​သော်​လည်း၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို စွန့်​ပစ်၍ အ​ရှက်​ကွဲ​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့ ဗိုလ်​ခြေ​နှင့်​အ​တူ ကြွ​တော်​မ​မူ​ပါ။

အ​ကျွန်ုပ်​ကို အို​သော​အ​ခါ ပယ်​တော်​မ​မူ​ပါ​နှင့်။ အား​လျော့​သော​အ​ခါ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

ထာ​ဝ​ရ​ဘု​ရား​သည် အ​စဉ် စွန့်​ပစ်​တော်​မူ​မည်​လော။ နောက်​တစ်​ဖန် ကျေး​ဇူး​အ​လျှင်း​မ​ပြု​ဘဲ နေ​တော်​မူ​မည်​လော။

အ​ကျွန်ုပ်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို​ခံ​ရ၍ သေ​ဆဲ​ရှိ​ပါ၏။ စီ​ရင်​တော်​မူ​သော​ဘေး​များ​ကို ငယ်​သော​အ​ရွယ်​က​ပင် ခံ​ရ၍ ပင်​ပန်း​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို​မ​ပယ်၊ အ​မွေ​တော်​ကို စွန့်​ပစ်​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အ​စွမ်း​သ​တ္တိ၊ ငါ​သီ​ချင်း​ဆို​ကြောင်း၊ ငါ့​ကို​ကယ်​တင်​သော အ​ရှင်​ဖြစ်​တော်​မူ၏။ ထို​ဘု​ရား​သည် ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ထော​မ​နာ​ပြု​ပါ​မည်။ ငါ့​ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၍၊ ငါ​ချီး​မြှောက်​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့်​သာ ဖြောင့်​မတ်​ခြင်း​နှင့် အ​စွမ်း​သ​တ္တိ​ကို ရ​ပါ​သည်​ဟု လူ​တိုင်း​လျှောက်​ရ​မည်။ ကိုယ်​တော်​ကို မ​နာ​လို​သော သူ​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ ရှက်​ကြောက်​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။

သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​ခိုင်​ခံ့​စေ​မည်။ နာ​မ​တော်​ကို အ​မှီ​ပြု​လျက် လှည့်​လည်၍ သွား​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။-

ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ