Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 40:4

Judson Bible

မာ​န​ထောင်​လွှား​သော​သူ​နှင့် မိ​စ္ဆာ​တ​ရား​လမ်း​သို့ လွှဲ​သွား​သော သူ​တို့​ကို မ​မှီ​ဝဲ၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မာ​န​ကြီး​သော​သူ​နှင့် ပ​ညတ်​တော်​တို့​ကို လွန်​ကျူး၍၊ အ​ကျိန်​ခံ​ရ​သော သူ​တို့​ကို ကိုယ်​တော် ဆုံး​မ​တော်​မူ၏။

ကောက်​သော​လမ်း​များ​သို့ လွှဲ​သွား​သော​သူ​တို့​ကို​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​နှင့်​အ​တူ ထုတ်​သွား​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ငြိမ်​ဝပ်​ခြင်း​ရှိ​ပါ​စေ​သော။

ဆိုး​ယုတ်​သော​သူ​ကို အ​ယုတ်​ဟူ၍ ထင်​မှတ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား​ကြောက်​ရွံ့​သော​သူ​ကို ရို​သေ​ထ​သော၊ ကိုယ်​အ​ကျိုး​ပျက်​ရ​သော်​လည်း ကိုယ်​ကျိန်​ဆို​သော သ​စ္စာ​က​တိ​ကို​မ​ဖျက်၊

သား​တော်​ကို နမ်း​ကြ​လော့။ သို့​မ​ဟုတ်​လျှင် အ​မျက်​တော်​ထွက်၍၊ သင်​တို့​သည် လမ်း၌​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ အ​မျက်​တော်​သည် ချက်​ချင်း​ထွက်​လိမ့်​မည်။ သား​တော်​ကို ကိုး​စား​သော​သူ​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။

ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ သာ​ယာ​စွာ တီး​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ​သည်​အ​ကြောင်း​ကို မြည်း​စမ်း၍ သိ​မှတ်​ကြ​လော့။ ကိုယ်​တော်​ကို ခို​လှုံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။

အ​ကျွန်ုပ်​သည် ဖွား​က​တည်း​က​ပင် ကိုယ်​တော်​ကို​မှီ​ဝဲ​ပါ​ပြီ။ အ​မိ​ဝမ်း​တွင်း​မှ​စ၍ ကျေး​ဇူး​တော်​ကို ခံ​ရ​ပါ​ပြီ။ ကိုယ်​တော်​ကို အ​စဉ်​ချီး​မွမ်း​ပါ​မည်။

မု​သား​အ​န​တ္တ​ကို မှီ​ဝဲ​သော​သူ​တို့​သည် မိ​မိ​တို့ က​ရု​ဏာ​ခံ​ရာ​အ​ကြောင်း​ကို စွန့်​ပစ်​ကြ​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ