အိုထာဝရဘုရား၊ အကျွန်ုပ်ကိုနုတ်ယူခြင်းငှာ အလိုရှိတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။
အိုထာဝရဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။
အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားရှင်၊ အကျွန်ုပ်ကိုမစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။
အကျွန်ုပ်မိုက်သောအမှုကြောင့် အနာတို့သည် နံစော်၍ ရိရွဲ့လျက် ရှိကြပါ၏။
အိုဘုရားသခင်၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ပြုတော်မူပါ။