Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 4:3

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သန့်​ရှင်း​သူ​ကို ရွေး​ထား​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။ ငါ​ခေါ်၍ လျှောက်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏​သန့်​ရှင်း​သူ​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သ​စ္စာ​ရှိ​သော​သူ​တို့​ကို စောင့်​မ​တော်​မူ၏။ မာ​န​ထောင်​လွှား​သော​သူ​တို့​ကို​ကား၊ အ​ပြစ်​များ​စွာ ဆပ်​ပေး​တော်​မူ​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​သည် ဖြောင့်​မတ်​သော​သူ​တို့​ကို ကြည့်​ရှု​တော်​မူ၏။ သူ​တို့​အော်​ဟစ်​သံ​ကို​လည်း နား​ထောင်​တော်​မူ၏။

ငါ့​နှုတ်​သည် ပ​ညာ​ကို​မြွက်​ဆို​မည်။ ငါ့​နှ​လုံး​သည် ဉာဏ်​နှင့်​ဆိုင်​သော​အ​ရာ​ကို ဆင်​ခြင်​မည်။

ယဇ်​ပူ​ဇော်​သော​အား​ဖြင့်၊ ငါ​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​သော ငါ၏​သန့်​ရှင်း​သူ​တို့​ကို ငါ့​ထံ​သို့​စု​ဝေး​စေ​ကြ​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်​သည် ငါ့​ဘက်​မှာ​နေ​တော်​မူ​သော​ကြောင့်၊ ငါ​အော်​ဟစ်​သော​အ​ခါ ရန်​သူ​တို့​သည် လှန်​ခြင်း​ကို​ခံ​ရ​ကြ​မည်​ကို ငါ​သိ၏။

မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ။ ငါ​ငို​ကြွေး​သံ​ကို ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ၏။

ညှဉ်း​ဆဲ​ခြင်း​ကို မ​ကိုး​စား​ကြ​နှင့်။ အ​နိုင်​အ​ထက်​လု​ယူ၍ မ​ဝါ​ကြွား​ကြ​နှင့်။ ဥ​စ္စာ​များ​ပြား​လျှင် စိတ်​စွဲ​လမ်း​ခြင်း မ​ရှိ​ကြ​နှင့်။

အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊

သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သည် သင်​တို့​ကို ရွေး​ကောက်​သ​ဖြင့်၊ သင်​တို့​သည် သွား၍ တည်​ကြည်​သော​အ​သီး​ကို သီး​မည်​အ​ကြောင်း​နှင့် ငါ့​နာ​မ​ကို​အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ​တောင်း​သ​မျှ​တို့​ကို ရ​မည်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား၏။

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။

သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။-

ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ဒု​စ​ရိုက်​မှ ငါ​တို့​ကို ရွေး​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော အ​ကျင့်​ဘက်၌ စိတ်​အား​ကြီး၍၊ ပိုင်​ထိုက်​တော်​မူ​သော အ​မျိုး​ကို မိ​မိ​အ​ဖို့ စင်​ကြယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် စွန့်​ကြဲ​တော်​မူ​ပြီ။-

သင်​တို့​မူ​ကား၊ မှောင်​မိုက်​ထဲ​မှ အံ့​ဖွယ်​သော အ​လင်း​တော်​သို့ ခေါ်​သွင်း​တော်​မူ​သော​သူ၏ ဂုဏ်​ကျေး​ဇူး​များ​ကို ဖော်​ပြ​စေ​ခြင်း​ငှာ၊ ရွေး​ချယ်​တော်​မူ​သော​အ​မျိုး ဖြစ်​ကြ၏။ မင်း​စည်း​စိမ်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မျိုး၊ သန့်​ရှင်း​သော​လူ​မျိုး၊ ပိုင်​ထိုက်​တော်​မူ​သော အ​ပေါင်း​အ​သင်း ဖြစ်​ကြ၏။-

ဘု​ရား​ဝတ်၌ မွေ့​လျော်​သော သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ထဲ​က ကယ်​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​ကို ဒဏ်​ခံ​စေ​မည် အ​ကြောင်း၊ ညစ်​ညူး​သော တပ်​မက်​ခြင်း ကိ​လေ​သာ​နှင့်​တ​ကွ၊ ကာ​မ​ဂုဏ်​အ​လို​သို့​လိုက်၍၊ အာ​ဏာ​စက်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို အ​ထူး​သ​ဖြင့် ဒဏ်​ခံ​စေ​မည်​အ​ကြောင်း၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့​အ​ဖို့ ချုပ်​ထား​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တတ်​နိုင်​တော်​မူ၏။ ထို​သူ​တို့​သည် ရဲ​ရင့်​သော​သူ၊ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ​ဖြစ်၍၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​ဝံ့​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ