Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 4:2

Judson Bible

အ​ချင်း​လူ​သား​တို့၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ၏​ဘုန်း​ကို ရှုတ်​ချ​ကြ​မည်​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​န​တ္တ​ကို နှစ်​သက်၍ မု​သား​ကို လိုက်​ရှာ​ကြ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

သူ​တို့၏​ဘုန်း​ကို​လဲ၍ မြက်​ကို​စား​သော နွား၏​ပုံ​သ​ဏ္ဌာန်​ကို ယူ​ကြ၏။

နှိမ့်​ချ​လျက်​ရှိ​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ခို​လှုံ​သော​ကြောင့်၊ သင်​တို့​သည် သူ၏​အ​ကြံ​အ​စည်​ကို အ​ရှက်​ကွဲ​စေ​တတ်​ကြ​၏။

လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ် ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။

သို့​သော်​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​အ​ကွယ်​အ​ကာ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘုန်း​လည်း ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဦး​ခေါင်း​ကို ချီ​ကြွ​သော​သူ​လည်း ဖြစ်​တော်​မူ၏။

မု​သား​အ​န​တ္တ​ကို​ဆည်း​ကပ်​သော​သူ​တို့​ကို အ​ကျွန်ုပ်​သည်​မုန်း၍ ထာ​ဝ​ရ​ဘု​ရား​ကို ခို​လှုံ​ပါ၏။

မု​သား​စ​ကား​ပြော​သော​သူ​တို့​ကို ဖျက်​ဆီး​တော်​မူ၏။ လူ​အ​သက်​ကို​သတ်​တတ်​သော​သူ​နှင့် လှည့်​စား​တတ်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ့​ဝိ​ညာဉ်​သည် ခြင်္သေ့​စု​ထဲ​မှာ​နေ​ရ၏။ ဒေါ​သ​မီး​လောင်​လျက်​ရှိ​သော လူ​သား​တို့​တွင် ငါ​အိပ်​ရ၏။ သူ​တို့​သွား​တို့​သည် လှံ​နှင့်​မြား ဖြစ်​ကြ၏။ သူ​တို့​လျှာ​သည်​လည်း ထက်​သော​သန်​လျက်​ဖြစ်၏။

အို​လူ​သား​တို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် စ​ကား​ဖြောင့်​ကြ​သ​လော။

မ​တ​ရား​သော သူ​တို့​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ ရိုင်း​သော​သ​ဘော​ရှိ​ကြ၏။ မွေး​က​တည်း​က လမ်း​လွှဲ၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။

ရှင်​ဘု​ရင်​မူ​ကား၊ ဘု​ရား​သ​ခင်၌ ဝမ်း​မြောက်​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကို တိုင်​တည်၍ ကျိန်​ဆို​သော​သူ​အ​ပေါင်း​တို့​သည် ဝါ​ကြွား​ကြ​လိမ့်​မည်။ မု​သား​စ​ကား​ကို ပြော​သော​သူ​တို့၏​နှုတ်​မူ​ကား ပိတ်​လျက်​ရှိ​လိမ့်​မည်။

ထို​မင်း​သည် ကိုယ်​တော်၏​လူ​တို့​ကို ဖြောင့်​မတ်​စွာ​စီ​ရင်၍၊ ကိုယ်​တော်၏ ဆင်း​ရဲ​သား​တို့​ကို တ​ရား​ပေး​ပါ​လိမ့်​မည်။

မော​ရှေ​နှင့် အာ​ရုန်​တို့​သည်၊ ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်​ပြီး​လျှင်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ငါ့​ရှေ့​မှာ ကိုယ်​ကို​ကိုယ်​မ​နှိမ့်​ချ​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း။ ငါ၏​လူ​တို့​သည် ငါ့​အား​ဝတ်​ပြု​မည်​အ​ကြောင်း၊ သွား​ရ​သော​အ​ခွင့်​ကို​ပေး​လော့။

အို​လူ​မိုက်​တို့၊ သင်​တို့​သည် မိုက်​သော​အ​ကျင့်​ကို နှစ်​သက်​လျက်၊ ကဲ့​ရဲ့​သော​သူ​တို့​သည် ကဲ့​ရဲ့​ခြင်း၌​မွေ့​လျော်​လျက်၊ မိုက်​မဲ​သော​သူ​တို့​သည် ပ​ညာ​အ​တတ်​ကို​မုန်း​လျက်၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး နေ​ကြ​လိမ့်​မည်​နည်း။

အ​ဓ​မ္မ​အ​မှု​ကို အ​လျင်​အ​မြန်​စစ်​ကြော၍၊ ဒဏ်​မ​ပေး​သော​ကြောင့်၊ လူ​သား​တို့​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ၊ ခိုင်​မာ​စွာ သ​ဘော​ထား​ကြ၏။

နေ​အောက်​မှာ ပြု​သ​မျှ​သော​အ​မှု၌​ပါ​သော ဝမ်း​နည်း​စ​ရာ​ဟူ​မူ​ကား၊ ခပ်​သိမ်း​သော​သူ​တို့​သည် တစ်​ခု​တည်း​သော​အ​မှု​နှင့် တွေ့​ကြုံ​ရ​ကြ၏။ အ​ကယ်​စင်​စစ် လူ​သား​တို့၏​စိတ်​နှ​လုံး​သည် ဒု​စ​ရိုက်​သ​ဘော​နှင့် ပြည့်၏။ အ​သက်​ရှင်​စဉ်​အ​ခါ၊ သူ​တို့​သည် ရူး​သော​စိတ်​ကို​စွဲ​လမ်း၍၊ နောက်​တစ်​ဖန် သေ​သွား​တတ်​ကြ၏။

အာ​ဇုတ်​မြို့​သား​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ သူ​တို့​ကိုး​စား​သော ကု​ရှ​ပြည်​ကို​လည်း​ကောင်း၊ ဝါ​ကြွား​သော အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း ရှက်​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ထာ​ဝ​ရ ကယ်​တင်​ခြင်း​သို့​ရောက်၍၊ သင်​တို့​သည် ရှက်​ကြောက်​ခြင်း၊ မှိုင်​တွေ​ခြင်း​နှင့် က​မ္ဘာ​အ​ဆက်​ဆက် ကင်း​လွတ်​ကြ​လိမ့်​မည်။

တ​ရား​ကို အ​ဘယ်​သူ​မျှ​မ​ရှာ၊ သ​စ္စာ​ကို အ​ဘယ်​သူ​မျှ​မ​စောင့်၊ အ​န​တ္တ​ကို​ကိုး​စား၍ မု​သား​စ​ကား​ကို ပြော​တတ်​ကြ၏။ မ​ကောင်း​သော​အ​ကြံ​ကို ပ​ဋိ​သ​န္ဓေ​ယူ၍၊ အ​ဓ​မ္မ​အ​မှု​ကို ဖွား​ကြ၏။

အ​ခြား​တစ်​ပါး​သော​လူ​မျိုး ကိုး​ကွယ်​သော​ဘု​ရား​သည် ဘု​ရား​မ​ဟုတ်​သော်​လည်း၊ ပြောင်း​လဲ​ဖူး​ပြီ​လော။ ငါ၏​လူ​မျိုး​သည် ကျေး​ဇူး​မ​ပြု​နိုင်​သော အ​ရာ​ဖို့ မိ​မိ​တို့​ဘုန်း​ကို ပြောင်း​လဲ​ကြ​ပြီ​တ​ကား။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့၏​ဘိုး​ဘေး​တို့​သည် ငါ့​ထံ​မှ​ဝေး​စွာ​ထွက်​သွား၍၊ အ​န​တ္တ​လမ်း​သို့​လိုက်​လျက်၊ အ​န​တ္တ​သက်​သက် ဖြစ်​ရ​မည်​အ​ကြောင်း၊ ငါ၌​အ​ဘယ်​မည်​သော​အ​ပြစ်​ကို တွေ့​ကြ​သ​နည်း။

သူ​တို့​သည် မိ​မိ​တို့​လျှာ​တည်း​ဟူ​သော လေး​ကို မု​သား​နှင့်​တင်​ကြ၏။ သ​စ္စာ​တ​ရား​ကို အ​မှီ​မ​ပြု​ဘဲ မြေ​ကြီး​ပေါ်​မှာ လူ​ကြီး​ဖြစ်​ကြ၏။ အ​ကယ်​စင်​စစ် ဆိုး​သော​အ​မှု​အ​ပေါ်​မှာ ဆိုး​သော​အ​မှု​ကို ထပ်၍​ပြု​ကြ၏။ ငါ့​ကို​လည်း မ​သိ​မ​မှတ်​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​သည် ဘုန်း​တိုး​ပွား​သည်​အ​တိုင်း ငါ့​ကို​ပြစ်​မှား​ကြ​ပြီ။ သို့​ဖြစ်၍၊ သူ​တို့၏​ဘုန်း​ကို ငါ​အ​ရှက်​ကွဲ​စေ​မည်။

မု​သား​အ​န​တ္တ​ကို မှီ​ဝဲ​သော​သူ​တို့​သည် မိ​မိ​တို့ က​ရု​ဏာ​ခံ​ရာ​အ​ကြောင်း​ကို စွန့်​ပစ်​ကြ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ရို​မ​သေ ပြု​ကြ​လိမ့်​မည်​နည်း။ သူ​တို့၌ ငါ​ပြ​ခဲ့​ပြီး​သ​မျှ​သော​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို မြင်​ရ သော်​လည်း အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ့​ကို​မ​ယုံ​ဘဲ နေ​ကြ​လိမ့်​မည်​နည်း။

ယု​ဒ​လူ​တို့​က​လည်း၊ ဤ​စ​ကား​မှန်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။

သို့​ဖြစ်၍၊ ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဝါ​ကြွား​သော​သူ​မည်​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​သာ ဝါ​ကြွား​စေ။

ထို​ကြောင့် မု​သား​စ​ကား​ကို​ပယ်​ရှား၍၊ မှန်​သော​စ​ကား​ကို​သာ အ​ချင်း​ချင်း တစ်​ယောက်​နှင့်​တစ်​ယောက် ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​ချင်း​ချင်း အင်္ဂါ​ချင်း​ဖြစ်​ကြ၏။-

ကျေး​ဇူး​မ​ပြု မ​ကယ်​တင်​နိုင်၊ အ​ချည်း​နှီး​ဖြစ်​သော အ​ရာ​တို့​နောက်​သို့ လမ်း​လွှဲ၍ မ​လိုက်​ကြ​နှင့်။ ထို​သို့​သော​အ​ရာ​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ