အိုဘုရားရှင်၊ အကျွန်ုပ်အလိုရှိသမျှသည် ရှေ့တော်၌ထင်ရှားပါ၏။ အကျွန်ုပ်ညည်းတွားခြင်းကိုလည်း အကြွင်းမဲ့သိတော်မူ၏။
အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက်ရှိသောသူတို့၏ တောင့်တခြင်းအသံကို ကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တစ်ညလုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။
နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊-
ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်၊ ကောင်းကင်အိမ်ထဲသို့ဝင်စားခြင်းငှာ အလွန်တောင့်တလိုချင်သော စိတ်ရှိ၍၊ ညည်းတွားမြည်တမ်းလျက်၊ နေကြ၏။-