Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 38:22

Judson Bible

အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​အော်​ဟစ်​ပါ၏။ အ​လျင်​အ​မြန် ကြွ​လာ​တော်​မူ​ပါ။ ကိုယ်​တော်​ကို အော်​ဟစ်​သော​အ​ခါ၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို နား​ထောင်​တော်​မူ​ပါ။

နွား​လား​ဥ​သ​ဘ​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း၍၊ အား​ကြီး​သော ဗာ​ရှန်​ဥ​သ​ဘ​တို့​သည် ဝန်း​ရံ​လျက် နေ​ကြ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​လင်း၊ ငါ့​ကို ကယ်​တင်​သော​အ​ရှင်​ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို ကြောက်​ရ​အံ့​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​သက်​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။ ငါ​သည် အ​ဘယ်​သူ​ကို​မျှ ကြောက်​လန့်​ရ​အံ့​နည်း။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​နုတ်​ယူ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။

အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို​ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ၌ လှုပ်​ရှား​ခြင်း​များ​စွာ မ​ရှိ​ရာ။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ငါ၏​ကျောက်၊ ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၍၊ ငါ​သည် လှုပ်​ရှား​ခြင်း​မ​ရှိ​ရာ။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို နုတ်​ယူ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။

အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။ အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ရှိ​ရာ​သို့ အ​လျင်​အ​မြန် ကြွ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ ဖြစ်​တော်​မူ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။

အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို မ​စ​ခြင်း​ငှာ အ​လျင်​အ​မြန် ပြု​တော်​မူ​ပါ။

ဘု​ရား​သ​ခင်​သည် ငါ့​ကို ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကြောက်​လန့်​သော​စိတ်​မ​ရှိ​ဘဲ ရဲ​ရင့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ချီး​မွမ်း​ရာ၊ ငါ​သီ​ချင်း​ဆို​ရာ၊ ငါ့​ကို​ကယ်​တင်​တော်​မူ​သော​အ​ရှင် ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ