အိုထာဝရဘုရား၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။
အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နားမထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူသနည်း။
အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ ဘေးအန္တရာယ်ရောက်လုနီးပါပြီ။ မစသောသူမရှိပါ။
အိုထာဝရဘုရား၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်။ အကျွန်ုပ်ခွန်အားဗလ၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ။
အကြောင်းမူကား၊ နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည် မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင်တော်မူပြီ။
ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့အသက်ကို လုယူခြင်းတည်းဟူသော မကောင်းသောအရာကို ဆပ်ပေးကြ၏။