အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ်ပြုတတ်သောသူတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။
နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲက နုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေရကြပါလိမ့်မည်။
အကျွန်ုပ်၏ရန်သူတို့သည် များပြားကြောင်းနှင့် အကျွန်ုပ်ကို ပြင်းစွာမုန်းထားကြောင်းကို ဆင်ခြင်တော်မူပါ။
ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့အသက်ကို လုယူခြင်းတည်းဟူသော မကောင်းသောအရာကို ဆပ်ပေးကြ၏။
မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြုသော သူတို့သည် အောင်ပွဲကို မခံကြပါစေနှင့်။ အကြောင်းမရှိဘဲ အကျွန်ုပ်ကိုမုန်းသော သူတို့လည်း မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်။
အကျွန်ုပ်နှင့် သင့်တင့်သောသူကို အကျွန်ုပ်ပြစ်မှား၍၊ အကြောင်းမရှိဘဲလျက် ရန်ပြုသောသူကို အကျွန်ုပ် ညှဉ်းဆဲသော်လည်းကောင်း၊ ထိုသို့သောအပြစ်တစ်စုံတစ်ခုရှိလျှင်၊
ကျေးဇူးပြုသောအတွက် အပြစ်ပေးသင့်ပါမည်လော။ သူတို့သည် အကျွန်ုပ်အသက်ဖို့ တွင်းကို တူးကြပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှာ လျှောက်၍၊ သူတို့မှအမျက်တော်ကို လွှဲခြင်းငှာ၊ ရှေ့တော်၌ ရပ်နေကြောင်းကို အောက်မေ့တော်မူပါ။
ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။-
ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊-
သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင်၊ အဘယ်သူညှဉ်းဆဲမည်နည်း။-
တစ်ဖန် ဒါဝိဒ်က၊ ကိလမြို့သားတို့သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏လူတို့ကို ရှောလုလက်သို့ အပ်ကြလိမ့်မည်လောဟု မေးလျှောက်သော်၊ ထာဝရဘုရားက၊ အပ်ကြပါလိမ့်မည်ဟု မိန့်တော်မူ၏။
ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့်တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကိုယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။
ကျွန်တော်တို့သည် သိုးထိန်း၍ သူတို့နှင့်ပေါင်းဖော်သော ကာလပတ်လုံး၊ သူတို့သည် နေ့ညအစဉ်ကွယ်ကာလျက် နေကြပါ၏။
ထိုသို့မတွေ့မီ ဒါဝိဒ်က၊ အကယ်စင်စစ် ထိုသူ၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ မပျောက်စေခြင်းငှာ၊ တော၌သူပိုင်သမျှတို့ကို ငါသည် အချည်းနှီးစောင့်ပါပြီတကား။ ငါကောင်းသောအမှုအတွက်၊ မကောင်းသောအမှုကို သူပြုပါပြီတကား။