ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဖို့ဝှက်ထားသော ကျော့ကွင်းထဲက အကျွန်ုပ်ကို နုတ်ယူတော်မူပါ။
ငှက်သည် မုဆိုးတို့၏ကျော့ကွင်းထဲကလွတ်သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်းပြတ်၍ ငါတို့သည် လွတ်ကြပြီ။
မာနကြီးသောသူတို့သည် အကျွန်ုပ်ဖို့ကျော့ကွင်းနှင့် ကြိုးသေးများကို ဝှက်ထားကြပါ၏။ အကျွန်ုပ်သွားရာလမ်း၌ ကွန်ရွက်ကိုဖြန့်၍ ညွှတ်များကိုထားကြပါ၏။
ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်းလျှောက်၍ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ရောက်၏။
အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏အကြံအစည်သည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်ကိုရွေးနုတ်တော်မူသောဘုရား။
ငါ့ဝိညာဉ်ကိုအားဖြည့်၍၊ နာမတော်အဖို့အလိုငှာ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏။
အကျွန်ုပ်သည် ထာဝရဘုရားကို အစဉ်မျှော်လင့်လျက်နေပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်၏ခြေကို ကျော့ကွင်းထဲက နုတ်ယူတော်မူမည်။
အကြောင်းမရှိဘဲ အကျွန်ုပ်အဖို့ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ အကြောင်းမရှိဘဲ အကျွန်ုပ်အသက်ကို သတ်စရာဖို့တွင်းကို တူးကြပါပြီ။
သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကိုတူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ကိုယ်ကျကြပြီ။
အိမ်နီးချင်းကို ချော့မော့သောသူသည် အိမ်နီးချင်းသွားရာလမ်း၌ ကွန်ရွက်ကို ဖြန့်ထား၏။
ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်၌ ကျိန်းဝပ်မည်အကြောင်း ငါ့ကိုယ်၌ အားနည်းခြင်းအဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှာ သာ၍ ငါအလိုရှိ၏။-
မာရ်နတ်၏ အလိုအတိုင်း ဖမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဖမ်းမိရာမှ လွတ်ခြင်းသို့ ရောက်ကောင်း ရောက်ကြလိမ့်မည်။