Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 31:2

Judson Bible

အ​ကျွန်ုပ်​ဘက်​သို့ နား​တော်​ကို​လှည့်၍ အ​လျင်​အ​မြန်၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၌ ခိုင်​ခံ့​သော​ကျောက်၊ အ​ကျွန်ုပ်​လုံ​ခြုံ​ရာ​ရဲ​တိုက် ဖြစ်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ငါ၏​ဘု​ရား၊ ငါ​ကိုး​စား​သော အ​စွမ်း​သ​တ္တိ၊ ငါ၏​အ​ကွယ်​အ​ကာ၊ ငါ့​ကို​ကယ်​တင်​သော​ဦး​ချို၊ ငါ၏​ရဲ​တိုက်၊ ငါ​ခို​လှုံ​ရာ၊ ငါ့​ကို​ကယ်​တင်​သော​အ​ရှင် ဖြစ်​တော်​မူ၏။ ကိုယ်​တော်​သည် ညှဉ်း​ဆဲ​ခြင်း​ထဲ​က အ​ကျွန်ုပ်​ကို​ကယ်​လွှတ်​တော်​မူ၏။

အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​ကို အ​ဘယ်​ကြောင့် သည်း​ခံ​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​အ​ပြစ်​ကို အ​ဘယ်​ကြောင့် ဖြေ​ရှင်း​တော်​မ​မူ​သ​နည်း။ ယ​ခု​မှာ အ​ကျွန်ုပ်​သည် မြေ​မှုန့်၌​အိပ်​ရ​ပါ​မည်။ ကိုယ်​တော်​သည် နံ​နက်​အ​ချိန်၌ ရှာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​မ​ရှိ​ပါ​ဟု မြွက်​ဆို၏။

ဘေး​ရောက်​သည်​ကာ​လ၌ မျက်​နှာ​တော်​ကို အ​ကျွန်ုပ်​မှ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။ အ​လျင်​အ​မြန် ထူး​တော်​မူ​ပါ။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​စ​ကား​သံ​ကို​ကြား၍၊ အ​ကျွန်ုပ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သံ​ကို နား​ညောင်း​တော်​မူ​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် စိတ်​ပျက်​ပါ​ပြီ။ မျက်​နှာ​လွှဲ​တော်​မူ​သ​ဖြင့်၊ တွင်း​ထဲ​သို့ ဆင်း​သော​သူ​ကဲ့​သို့ အ​ကျွန်ုပ်​ကို ဖြစ်​စေ​တော်​မ​မူ​ပါ​နှင့်။

အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခို​လှုံ​သည်​ဖြစ်၍၊ ရှက်​ကြောက်​ခြင်း​သို့ မ​ရောက်​ပါ​စေ​နှင့်။ အ​ကျွန်ုပ်၏ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​ကို​အောင်၍ အောင်​ပွဲ​ကို​မ​ခံ​ပါ​စေ​နှင့်။

အ​ကျွန်ုပ်​မူ​ကား၊ ဆင်း​ရဲ​ငတ်​မွတ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​ကို​အောက်​မေ့​တော်​မူ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မ​စ​သော​သူ၊ ကယ်​တင်​သော​သူ​ဖြစ်​တော်​မူ၏။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ ဆိုင်း​လင့်​တော်​မ​မူ​ပါ​နှင့်။

ငါ့​ကို ကယ်​တင်​ခြင်း​အ​ကြောင်း၊ ငါ၏​ဘုန်း​ပွင့်​ခြင်း​အ​ကြောင်း​ကား ဘု​ရား​သ​ခင်​ပေ​တည်း။ ငါ့​ကို အား​ပေး​သော​ကျောက်၊ ငါ​ခို​လှုံ​ရာ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

ကိုယ်​တော်၏​ကျွန်​မှ မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ဘေး​ရောက်​ပါ​ပြီ။ အ​လျင်​အ​မြန် နား​ထောင်​တော်​မူ​ပါ။

သို့​မ​ဟုတ် နုတ်​ယူ​သော​သူ​မ​ရှိ​စဉ်၊ ရန်​သူ​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်၏​စိတ်​ဝိ​ညာဉ်​ကို လု​ယူ​ကိုက်​ဖြတ်​ပါ​လိမ့်​မည်။

အို​ဘု​ရား​သ​ခင်၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​မွေ​တော်​ထဲ​သို့​ဝင်​ပြီး​လျှင်၊ သန့်​ရှင်း​သော ဗိ​မာန်​တော်​ကို ညစ်​ညူး​စေ၍၊ ယေ​ရု​ရှ​လင်​မြို့​ကို ဖြို​ဖျက်​ကြ​ပါ​ပြီ။

အို​ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ငတ်​မွတ်​ပါ၏။

အို ဘု​ရား​ရှင်၊ ကိုယ်​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက် အ​ကျွန်ုပ်​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏​ဟု သင်​သည်​ဆို၍၊ အ​မြင့်​ဆုံး​သော​ဘု​ရား၌ နေ​ရာ​ကျ​သော​ကြောင့်၊

သို့​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ရဲ​တိုက်​ဖြစ်​တော်​မူ၏။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ​ခို​လှုံ​ရာ​ကျောက် ဖြစ်​တော်​မူ၏။

သင်၏​နား​ကို​ညွှတ်၍ ပ​ညာ​ရှိ​စ​ကား​ကို နား​ထောင်​လော့။ ငါ့​ပ​ညာ​အ​တတ်​ကို​လည်း စိတ်​နှ​လုံး၌ စွဲ​လမ်း​လော့။

ခိုင်​ခံ့​သော ကျောက်​မြို့၌ ခို​လှုံ​လိမ့်​မည်။ ထို​သူ​အား အ​စာ​ကို အ​စဉ်​ပေး​ရ​လိမ့်​မည်။ သောက်​ရေ​လည်း မ​ပြတ်​ရ။

ငါ​ဆို​သည်​ကား၊ သူ​တို့​ဘက်၌ အ​လျင်​အ​မြန် တ​ရား​စီ​ရင်​တော်​မူ​မည်။ သို့​သော်​လည်း လူ​သား​သည် ကြွ​လာ​သော​အ​ခါ ယုံ​ကြည်​ခြင်း​ကို မြေ​ကြီး​ပေါ်​မှာ တွေ့​မည်​လော​ဟု သ​ခင်​ဘု​ရား​သည် မိန့်​တော်​မူ၏။

ငါ၏​အ​သား​အ​သွေး​ကို သောက်​စား​သော​သူ​သည် ငါ၌​တည်၏။ ထို​သူ၌​လည်း ငါ​တည်၏။-

ငါ​တို့၏​ရန်​သူ​များ စီ​ရင်​ဆုံး​ဖြတ်​သော်​လည်း၊ သူ​တို့​ကျောက်​သည် ငါ​တို့​ကျောက်​နှင့်​မ​တူ။

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ​မ​မြင်​စ​ဖူး။ သို့​သော်​လည်း၊ အ​ချင်း​ချင်း​ချစ်​ကြ​လျှင်၊ ဘု​ရား​သ​ခင်​သည် ငါ​တို့၌ တည်​တော်​မူ၍၊ ငါ​တို့​သည် ချစ်​ခြင်း​မေ​တ္တာ​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ