ဆာလံ 31:1Judson Bibleအိုထာဝရဘုရား၊ ကိုယ်တော်ကိုအကျွန်ုပ်ခိုလှုံပါ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကိုကယ်နုတ်တော်မူပါ။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်တို့သည် သင်၏ဘထွေး၊ မိဖုရားတို့သည် သင့်ကို မွေးစားသောအမိ ဖြစ်ကြလိမ့်မည်။ သင့်ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါ့ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်း မရှိကြောင်းကိုလည်းကောင်း သင်သိလိမ့်မည်။
အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရားတော်ရှိသမျှတို့နှင့် အညီ၊ သန့်ရှင်းသော တောင်တော်တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာသော ဒေါသအမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ်များမှစ၍ ဘိုးဘေးတို့၏အပြစ်များကြောင့်၊ ယေရုရှလင်မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။