Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 27:3

Judson Bible

ငါ့​တစ်​ဖက်၌ တပ်​ချ​ကြ​သော်​လည်း၊ ငါ့​နှ​လုံး​မ​ကြောက်​တတ်။ စစ်​ချီ၍​လာ​ကြ​သော်​လည်း၊ ထို​အ​မှု​တွင်​ပင် တည်​ကြည်​သော စိတ်​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။

သင်၏ ရို​သေ​သော​သ​ဘော၊ ယုံ​ကြည်​ကိုး​စား​သော​သ​ဘော၊ မျှော်​လင့်​သော​သ​ဘော၊ တည်​ကြည်​သော​သ​ဘော၊ တ​ရား​သ​ဖြင့် ကျင့်​တတ်​သော​သ​ဘော​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။

မ​ကောင်း​သော သ​တင်း​ကို​မ​ကြောက်​ရ၊ စိတ်​နှ​လုံး​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​သ​ဖြင့် တည်​ကြည်​တတ်၏။

ငါ့​ကို​ရန်​ဘက်​ပြု၍ ဝန်း​ရံ​သော​သူ အ​ထောင်​အ​သောင်း​ကို ငါ​မ​ကြောက်​ဘဲ​နေ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ရန်​သူ​တို့၏​ပါး​ရိုး​ကို ရိုက်၍၊ မ​တ​ရား​သော​သူ​တို့၏​သွား​ကို ချိုး​တော်​မူ၏။

ဖြောင့်​မတ်​သော​သူ​တို့​သည်​မြင်၍ ကြောက်​ရွံ့​ကြ​လိမ့်​မည်။

ထို​သို့​ရန်​သူ​များ​ကြောင့် အ​လျှင်း​မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​သော အ​ကြောင်း​အ​ရာ​သည်၊ သူ​တို့၌ ပျက်​စီး​ခြင်း၏ နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။-

ဖြောင့်​မတ်​ခြင်း​တ​ရား​ကြောင့် ဆင်း​ရဲ​ခံ​ရ​လျှင်​မူ​ကား၊ မင်္ဂ​လာ​ရှိ​ကြ၏။ သူ​တို့၏​ခြိမ်း​ခြောက်​ခြင်း​ကို မ​ကြောက်​ကြ​နှင့်၊ မ​ထိတ်​လန့်​ကြ​နှင့်။-

သင်​သည် ခံ​ရ​မည့်​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကြောက်​နှင့်။ သင်​တို့​သည် စုံ​စမ်း​ခြင်း​ကို​ခံ​ရ​မည်​အ​ကြောင်း၊ မာရ်​နတ်​သည် သင်​တို့​တွင် အ​ချို့​ကို ထောင်​ထဲ၌ လှောင်​ထား၍၊ သင်​တို့​သည် ဆယ်​ရက်​ပတ်​လုံး ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ သေ​သည်​တိုင်​အောင် သ​စ္စာ​စောင့်​လော့။ သို့​ဖြစ်​လျှင်၊ အ​သက်​သ​ရ​ဖူ​ကို ငါ​ပေး​မည်။-

တစ်​ဖန် စစ်​မှု​ပေါ်​ပြန်​သော​အ​ခါ၊ ဒါ​ဝိဒ်​ထွက်၍ ဖိ​လိ​တ္တိ​လူ​တို့​ကို​တိုက်​လျက်၊ ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် သတ်၍ သူ​တို့​သည်​ပြေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ