ဆာလံ 25:2Judson Bibleအကျွန်ုပ်၏ ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းသို့ မရောက်ပါစေနှင့်။ အကျွန်ုပ်၏ ရန်သူတို့သည် အကျွန်ုပ်ကိုအောင်၍ အောင်ပွဲကိုမခံပါစေနှင့်။ အခန်းကိုကြည့်ပါ။ |
အို အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရားတစ်ပါးသာ၊ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပတ္ထနာပြုလေ၏။
ရှင်ဘုရင်တို့သည် သင်၏ဘထွေး၊ မိဖုရားတို့သည် သင့်ကို မွေးစားသောအမိ ဖြစ်ကြလိမ့်မည်။ သင့်ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါ့ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်း မရှိကြောင်းကိုလည်းကောင်း သင်သိလိမ့်မည်။