သူ၏နှုတ်နှင့် ဆုတောင်းသည်ကို ငြင်းပယ်တော်မမူ။ သူ၏စိတ်အလိုရှိသည်အတိုင်း ပေးသနားတော်မူပြီ။
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင်၊ စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။
အကျွန်ုပ်၏ရန်သူတို့ကို အကျွန်ုပ်မျက်စိမြင်လျက်၊ ရန်ဘက်ပြုသော လူဆိုးတို့အကြောင်းကို နားကြားလျက်၊ အကျွန်ုပ်သည် အားရပါလိမ့်မည်။
ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ် အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။
တစ်ဖန် ဟန္နသည် ပတ္ထနာစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျက်၊ ထာဝရဘုရားကြောင့် ငါ့ဦးချိုမြင့်လျက်ရှိ၏။ ကယ်တင်ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါကြွားသောစကားကို ပြောရ၏။