Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 20:9

Judson Bible

အ​ကျွန်ုပ်​တို့​ခေါ်​သော​အ​ခါ နား​ထောင်​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် နား​ထောင်​တော်​မူ​တတ်​သော​ကြောင့် အ​ကျွန်ုပ်​သည်​တောင်း​လျှောက်​ပါ၏။ နား​တော်​ကို​လှည့်၍ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။

အ​ချင်း​တံ​ခါး​တို့၊ တံ​ခါး​မုတ်​ကို ကြွ​လိုက်​ကြ။ အ​ချင်း​ထာ​ဝ​ရ​တံ​ခါး​တို့၊ ကိုယ်​ကို ကြွ​လိုက်​ကြ။ ဘုန်း​ကြီး​သော​ရှင်​ဘု​ရင် ဝင်​တော်​မူ​မည်။

အို​ထာ​ဝ​ရ​ဘု​ရား ထ​တော်​မူ​ပါ။ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​ကို ကယ်​မ​တော်​မူ​ပါ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏ ရန်​သူ​တို့၏​ပါး​ရိုး​ကို ရိုက်၍၊ မ​တ​ရား​သော​သူ​တို့၏​သွား​ကို ချိုး​တော်​မူ၏။

အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ကယ်​တင်​ခြင်း​အ​ကြောင်း​ကို စီ​ရင်​တော်​မူ​ပါ။

အ​ကျွန်ုပ်၏​ရှင်​ဘု​ရင်၊ အ​ကျွန်ုပ်၏​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ဆု​တောင်း​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အော်​ဟစ်​သော​အ​သံ​ကို နား​ထောင်​တော်​မူ​ပါ။

အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ​မှ​စ၍၊ ကယ်​တင်​တော်​မူ​ခြင်း​ကို မြေ​အ​လယ်၌​ပြု​သော ငါ​တို့၏​ရှင်​ဘု​ရင် ဖြစ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​သော​သူ​တို့​မူ​ကား၊ အား​ပြည့်​ကြ​လိမ့်​မည်။ ရွှေ​လင်း​တ​ကဲ့​သို့ မိ​မိ​တို့​အ​တောင်​ကို အ​သစ်​ပြု​ပြင်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း မ​ပင်​ပန်း၊ ခ​ရီး​သွား​သော​အ​ခါ မ​မော​ရ​ကြ။

ကိုယ်​တော်​ပြု​တော်​မူ​သော အံ့​ဩ​ဖွယ်​အ​မှု​တို့​ကို​လည်း​ကောင်း၊ သူ​ငယ်​တို့​က​လည်း၊ ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း​ဟု ဗိ​မာန်​တော်၌ ကြွေး​ကြော်​ကြ​သည်​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​သည် ကြား​မြင်​လျှင် အ​မျက်​ထွက်​ကြ၍၊-

ရှေ့​နောက်​လိုက်​သွား​သော အ​ခြံ​အ​ရံ​များ​တို့​က ဒါ​ဝိဒ်၏​သား​တော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​နှင့် ကြွ​လာ​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း။ ကောင်း​ကင်​ဘ​ဝဂ်​ဝယ် ဟော​ရှ​ဏ္ဏ ဖြစ်​စေ​သ​တည်း​ဟု ကြွေး​ကြော်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ