Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 20:4

Judson Bible

ကိုယ်​တော်၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား၍၊ အ​ကြံ​အ​စည်​တော်​ရှိ​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

အ​လုံး​စုံ​တို့​ကို ရှင်​ဘု​ရင်​အား ဆက်၍၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို လက်​ခံ​တော်​မူ​ပါ​စေ​သော​ဟု လျှောက်​လေ၏။

ရှော​လ​မုန်​မင်း​ကြီး​သည် ရှေ​ဘ​မိ​ဖု​ရား ဆက်​သည်​အ​တွက် ပြန်​ပေး​သော​လက်​ဆောင်​မှ​တစ်​ပါး၊ မိ​ဖု​ရား၏ အ​လို​ဆ​န္ဒ​ပြည့်​စုံ​စေ​ခြင်း​ငှာ သူ​တောင်း​သ​မျှ​ကို​လည်း ပေး​တော်​မူ၏။ ထို​နောက်​မှ မိ​ဖု​ရား​သည် မိ​မိ​ကျွန်​တို့​နှင့်​တ​ကွ မိ​မိ​ပြည်​သို့​ပြန်​သွား​လေ၏။

ကြောက်​ရွံ့​သော​သူ​တို့၏​အ​လို​ကို ပြည့်​စုံ​စေ​တော်​မူ၏။ ထို​သူ​တို့၏​အော်​ဟစ်​ခြင်း​ကို​ကြား၍ ကယ်​တင်​တော်​မူ၏။

သူ၏​နှုတ်​နှင့် ဆု​တောင်း​သည်​ကို ငြင်း​ပယ်​တော်​မ​မူ။ သူ၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား​တော်​မူ​ပြီ။

ထာ​ဝ​ရ​ဘု​ရား၌ မွေ့​လျော်​ခြင်း​ရှိ​လော့။ သို့​ပြု​လျှင်၊ စိတ်​နှ​လုံး​အ​လို ပြည့်​စုံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​မည်။

ဖြောင့်​မတ်​သော​သူ​သည် မြတ်​သော​အ​ရာ​ကို​သာ တောင့်​တ​တတ်၏။ မ​တ​ရား​သော​သူ မျှော်​လင့်​သော​အ​ရာ​မူ​ကား၊ ဒေါ​သ​အ​မျက်​နှင့် ဆိုင်​သ​တည်း။

ယုံ​ကြည်​ခြင်း​ပါ​လျက် ပ​တ္ထ​နာ​ပြု၍ ဆု​တောင်း​သ​မျှ​တို့​ကို သင်​တို့​သည် ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​စဉ်​မ​ပြတ်​နား​ထောင်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ သို့​သော်​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ဝန်း​ရံ​လျက်​ရှိ​သော ဤ​လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​စေ​ခြင်း​ငှာ သူ​တို့၏​အ​ကျိုး​ကို​ထောက်၍ ဤ​သို့ အ​ကျွန်ုပ်​လျှောက်​ပါ၏​ဟု မိန့်​မြွက်​တော်​မူ​ပြီး​မှ၊-

ထို​နေ့၌ သင်​တို့​သည် ငါ့​ကို​အ​လျှင်း​မ​မေး​မြန်း​ရ​ကြ။ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​သည် ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​မှာ ဆု​တောင်း​သ​မျှ​တို့​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​မည်။-

မ​ယား​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​သတ်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင်၊ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ငါ​တို့​လက်​မှ ခံ​ယူ​တော်​မ​မူ။ ဤ​အ​ခြင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို​လည်း ပြ​တော်​မ​မူ။ ယ​ခု​အ​ခါ၌ ဤ​သို့​သော စ​ကား​ကို​လည်း မိန့်​တော်​မ​မူ​ဟု ပြန်​ပြော၏။

ယ​ခု​မှာ ကျွန်​တော်​သ​ခင်​ရှင်​ဘု​ရင်၊ ကိုယ်​တော်​ကျွန်​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကို ကျွန်​တော်​တစ်​ဖက်၌ နှိုး​ဆော်​တော်​မူ​သည် မှန်​လျှင်၊ ယဇ်​ပူ​ဇော်​ခြင်း​ကို​လက်​ခံ​တော်​မူ​ပါ​စေ​သော။ သို့​မ​ဟုတ် လူ​သား​တို့ နှိုး​ဆော်​သည်​မှန်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကျိန်​ခြင်း​ကို ခံ​ကြ​ပါ​စေ​သော။ အ​ကြောင်း​မူ​ကား၊ သူ​တို့​က သွား​တော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို​ဝတ်​ပြု​တော့​ဟု ဆို​လျက် ကျွန်​တော်​ကို ထာ​ဝ​ရ​ဘု​ရား၏​အ​မွေ​တော်​မြေ၌ မ​နေ​စေ​ခြင်း​ငှာ ယ​နေ့​ပင် နှင်​ထုတ်​ကြ​ပါ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ