Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဆာ​လံ 18:44

Judson Bible

အ​ကျွန်ုပ်​စ​ကား​သံ​ကို ကြား​သည်​ခ​ဏ​ချင်း​တွင် နား​ထောင်​ပါ၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ကို တောင်း​ပန်​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​သ​တင်း​ကို​ကြား​ပြော​သော လု​လင်​အား ဒါ​ဝိဒ်​က၊ သင်​သည် အ​ဘယ်​အ​ရပ်​က​လာ​သ​နည်း​ဟု​မေး​လျှင်၊ ထို​သူ​က ကျွန်​တော်​သည် တစ်​ပါး​အ​မျိုး​သား​အာ​မ​လက်​လူ​ဖြစ်​ပါ၏​ဟု ပြန်​လျှောက်​သော်၊

ကိုယ်​တော်​စီ​ရင်​သော အ​မှု​တို့​သည် အ​လွန်​အံ့​ဩ​ဖွယ် ဖြစ်​ကြ​ပါ၏။ တန်​ခိုး​တော်​ကြီး​သော​ကြောင့်၊ ရန်​သူ​တို့​သည် ကိုယ်​တော်​ကို တောင်း​ပန်​ကြ​ပါ​လိမ့်​မည်။

ကျူ​တော​သား​ရဲ​ကို​လည်း​ကောင်း၊ နွား​လား​ဥ​သ​ဘ​အ​စု​အ​ဝေး​နှင့် လူ​မျိုး​တို့၏​နွား​ပျို​တို့​ကို​လည်း​ကောင်း ဆုံး​မ​တော်​မူ​သ​ဖြင့်၊ အ​သီး​အ​သီး​တို့​သည် ငွေ​စ​နှင့် ကိုယ်​ကို​နှိမ့်​ချ​ကြ​ပါ​စေ​သော။ စစ်​မှု​ကို နှစ်​သက်​သော လူ​မျိုး​တို့​ကို အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​ကို မုန်း​သော​သူ​တို့​သည် တောင်း​ပန်​ခြင်း​ကို​ပြု၍၊ ငါ၏​လူ​တို့​သည်​လည်း၊ အ​စဉ်​အ​မြဲ​တည်​ရ​သော​အ​ခွင့် ရှိ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​စ​ပါး​နှင့် နောက်​တစ်​ဖန် ငါ​မ​ကျွေး။ သင်​သည် ကြိုး​စား၍​လုပ်​သော စ​ပျစ်​ရည်​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် မ​သောက်​ရ​ကြ။

သင်​တို့​သည် ငါ့​ဘော​ဇဉ်​တည်း​ဟူ​သော ဆီ​ဥ​နှင့်​အ​သွေး​ကို ပူ​ဇော်​သော​အ​ခါ၊ ငါ့​ဗိ​မာန်​ကို​ညစ်​ညူး​စေ​ခြင်း​ငှာ၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​စိတ်​နှင့် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​ကိုယ်​ရှိ​သော တစ်​ပါး​အ​မျိုး​သား​တို့​ကို ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ သွင်း၍​နေ​ရာ​ချ​သ​ဖြင့်၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​ကို​ပြု​မိ​သည်​ဖြစ်၍၊ ရောင့်​ရဲ​သော​စိတ်​ရှိ​ကြ​လော့။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​များ​အား​ဖြင့် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်​ကြ​ပြီ။

အို​ဣ​သ​ရေ​လ​အ​မျိုး၊ သင်​သည် မင်္ဂ​လာ​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​သော​အ​မျိုး၊ သင်​နှင့်​အ​ဘယ်​သူ တူ​သ​နည်း။ ထို​ဘု​ရား​သည် သင့်​ကို ကွယ်​ကာ​သော​ဒိုင်း​လွှား၊ သင့်​ကို ချီး​မြှောက်​သော ဓား​လက်​နက်​ဖြစ်​တော်​မူ၏။ သင်၏​ရန်​သူ​တို့​သည် သင့်​ရှေ့​မှာ​ရှုံး၍၊ သင်​သည် သူ​တို့၏​မြင့်​မြတ်​သော​အ​ရပ်​တို့၌ နင်း​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ